Tuesday, April 22, 2025

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည်...
HomeNewsLocal News"ဇာတ်တူသားစားရင် ဟင်္သာကိုးသောင်း ပျက်တယ်"...

“ဇာတ်တူသားစားရင် ဟင်္သာကိုးသောင်း ပျက်တယ်” ဟု ဒေါ်က်တာအေးမောင် ဥပမာပေးပြောဆို

လတ်တလော ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့်အခြေအနေအပေါ်တွင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်က ဟင်္သာကိုးသောင်း ဥပမာကိုခှိုင်းနှိုင်းကာ သတိပေးပြောကြားသွားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် အရာရှိ(၂) ဦး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ပေါ်တွင် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ မေးမြန်းစဉ် ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပေါ်ပြူလာနယူး(စ်) သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ဒီအခင်းအကျင်းကို လက်ခံတဲ့ လူထုကတော့ အင်မတန်ရာခိုင်နှုန်း နည်းနိုင်ပါတယ်။  ဘာကြောင့်ပဲ သတ်သတ်ပေါ့ဗျာ။ ကိုယ့် ရခိုင်ဒေသမှာ ကိုယ့် ရခိုင် လူမျိုးအချင်းချင်းလို့ပဲ လက်ခံမှာပေါ့။ ကျွန်တော်တို့လည်း ခဏခဏ ပြောပါတယ်။ ဇာတ်တူသားစားရင် ဟင်္သာကိုးသောင်း ပျက်တယ်ဆိုတာ နိပါတ်တော် လာတယ်။ ဆင်ခြင်သင့်တဲ့ ကာလလည်း ဖြစ်တယ်ဗျာ” ဟု ဒေါက်တာအေး‌မောင်က ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်သူလူထုအနေဖြင့် လုံခြုံရေးအခြေအနေပေါ် သံသယဝင်စရာရှိပြီး ဆန့်ကျင်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း တရားဥပဒေအရ ညှိနှိုင်းဆွေးနွေးမှုများသာ လုပ်ဆောင်သင့်ကြောင်းလည်း ဆိုသည်။

” ဘယ်လိုပဲဖြစ်ဖြစ် သွေးမြေကျတာကတော့ မကောင်းဘူး။ ရခိုင်လူထုကတော့ မလုံခြုံဘူးဆိုတာကို ခံစားရမှာပေါ့။ ရခိုင်ပြည်ရဲ့ မြို့တော်ပဲလေ။ အုပ်ချုပ်မှုယန္တရားပေါ်မှာ သွားပြီးတော့ လူထုယုံကြည်မှု လျော့နိုင်တာပေါ့။ ဆန့်ကျင်ဖက်အဖွဲ့အစည်းတွေ ဖြစ်ရင်တောင်မှ တရားဥပဒေအတိုင်းပဲ ဆွေးနွေးကြစေချင်တယ်။ ညှိနှိုင်းကြစေချင်တယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ပေါ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စစ်ဦးချုပ်နှင့် အရာရှိ(၂) ဦးလိုက်ပါလာသည့် မော်တော်ယာဉ်ကို သေနတ်သမားများက ပစ်ခတ်လုပ်ကြံခဲ့သည့်အတွက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် အရာရှိ (၂) ဦး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင့်တပ်တော်(ULA/AA)၏ လက်ချက်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီဖက်မှ ပြောကြားထားသည်။

ယင်းပြောကားချက်နှင့် ပတ်သက်၍ ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ALP ၏ ပြောကြားချက်မှာ အခြေအမြစ်မရှိသည့် စွတ်စွဲပြောဆိုမှုသာ ဖြစ်ကြောင်း ပြန်လည်ချေပပြောဆိုထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်စစ်ပွဲများ ရပ်နားထားရန် မြန်မာ့ တပ်မတော်နှင့် AAတို့အကြား သဘောတူညီမှု ရယူထားသည့်အတွက် ပြန်လည်တည်ငြိမ်စပြုလာချိန်တွင် ယခုဖြစ်စဉ် ဖြစ်ပေါ်လာခြင်းအပေါ် ရခိုင်လူထုအနေဖြင့်လည်း စိုးရိမ်မကင်းဖြစ်ပေါ်နေကြရသည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ALP ပါတီသည် NCA လက်မှတ်ရေးထိုးထားသည့်အပြင် နစက ဥက္ကဋ္ဌ အပါအဝင် ဗိုလ်ချုပ်ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်လည်း (၃) ကြိမ်တိုင် တွေ့ဆုံဆွေးနွေးထားသည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင် ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန် ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071