ညောင်ညောင်က ဟာသသရုပ် ဆောင် အနေနဲ့ ဇာတ်ကား များစွာ ရိုက်ကူးခဲ့ပြီး အခုတော့ “ညီညီ ဘမောင်”အမည်နဲ့ ဒါရိုက်တာ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း အလုပ်များကို လည်း လုပ်ကိုင်နေတယ်လို့ သိရပါ တယ်။ ပန်းဒေါင်း အပါအဝင် ရုပ်ရှင် ဇာတ်ကားကြီး ၃၁ကား အတွက် ဇာတ်ညွှန်း ဖန်တီးရေးသားခဲ့ပြီး ဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ဇာတ် ကားများလည်း ရှိခဲ့ပါတယ်။ ညောင် ညောင်က “ဘော်ဘော် က ထှော်” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားတဲ့အပြင် ဇာတ်ညွှန်းပိုင်းကိုပါ တာဝန် ယူထားတယ်လို့ သိရပါတယ်။ ညီညီဘမောင် အမည်နဲ့ ဇာတ်လမ်း တွေ ရေးသားဖြစ်တဲ့ အကြောင်းကို ညောင်ညောင်က..
“ဦးညောင်ရဲ့ နာမည်အရင်း က “ညီညီလှိုင်” ပါ။ ခင်မင်တဲ့ လူတွေ က ညီညီ လို့ပဲခေါ်ကြတယ်။ ဦးညောင်ရဲ့အဖိုးက အလင်္ကာကျော် စွာ ဦးဘမောင်ပါ။ အဲဒါကြောင့် ဦးညောင် နာမည်နဲ့ အဘိုးနာမည်ကို ပေါင်းပြီး ညီညီဘမောင်လို့ ပေးဖြစ် ပါတယ်။ ဦးညောင် က မြန်မာစာ နဲ့ ကျောင်းပြီးထားတာ ဆိုတော့ ဇာတ် လမ်း၊ ဇာတ်ညွှန်း ရေးရတာ စိတ်ဝင် စားတယ်။ ကိုယ်ကိုယ်တိုင် ကလည်း စာရေး၊ စာဖတ် ဝါသနာပါတယ်။ အဲဒါကြောင့် ဒီနာမည်နဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေ ဖန်တီးဖြစ်တယ်။ ဒါရိုက်တာလည်း လုပ်ပါတယ်” လို့ ပြောပါ တယ်။ ညောင်ညောင် ကို ဇာတ်လမ်း၊ ဇာတ်ညွှန်းတွေရေး သားခြင်းနဲ့ သရုပ်ဆောင် အလုပ် တွေကို ဘယ်လိုမျှလုပ် သွားမ လဲ မေး မြန်းတော့..
“ဦးညောင် ဟိုးအရင်ကတည်း က သရုပ်ဆောင် လုပ်တယ်။ နှစ်တွေ ကြာ အသက်ကြီး လာတော့ ဦးညောင် ကိုယ့်ကိုယ် ကိုယ်ပြန်မေး တယ်။ ငါ အသက်ကြီး လာပြီ။ သူများခိုင်းတာ ချည်းပဲ လုပ်နေလို့ မရတော့ဘူး။ ကိုယ်ကိုယ်တိုင် လည်း သူများကို ခိုင်း ဦးမှဆိုပြီး ဒါရိုက်တာ ဝင်လုပ် လိုက် တယ်။ ဒါရိုက်တာ အနေနဲ့လည်း ဇာတ်ကား၃ ကားလောက် ရိုက်ကူးပြီး ပါပြီ။ ဒါတောင် ဒါရိုက် တာကိုပြန်ခိုင်းဖို့ လူတစ် ယောက် ကျန်သေးတယ်။ အဲဒါ ကြောင့် ဇာတ်လမ်းတွေ ဦး ညောင်ရေးပါတယ်။ သရုပ်ဆောင် အလုပ်နဲ့ ဇာတ်လမ်းရေး တာ နှစ်ခုလုံး ကိုတစ်ပြိုင် တည်း လုပ်လို့ တော့မရ ဘူးလေ။ အဲဒါ ကြောင့် ဇာတ်လမ်းတွေကို ရေးနိုင် သလောက် ပဲရေးမှာပါ” လို့ ညောင်ညောင် က ပြောပါ တယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း