Friday, May 23, 2025

IRON CROSS အဖွဲ့၏ ပင်တိုင်...

IRON CROSS အဖွဲ့၏ ပင်တိုင် Guitarist ချစ်စမ်းမောင် သည်းခြေကျောက်တည်သည့် ရောဂါကြောင့် ခွဲစိတ်မှုခံယူနေရသည်ဟု ယမန်နေ့က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။ “ခွဲစိတ်ခမယူဘဲ...

အင်ဒိုနီးရှား၌ရေကြီး၊ ၁၅ ‌ေ-သပြီး ၅...

ဂျကာတာ၊မေ ၂၂ အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူးဝါးပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် ‌ေ-သဆုံးသူငါးဦး၏ ရုပ်အလေ-ာင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး စုစုပေါင်း‌ေ-သဆုံးသူ အရေအတွက်သည် ၁၅ ဦးအထိရှိလာကာ ငါးဦးမှာ ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း...

တရုတ်နိုင်ငံ၌ မြေပြို၍ လူလေးဦး‌ေ-သဆုံး

ကွေ့ယန်၊မေ ၂၂ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ ကြာသပတေးနေ့က မြေပြို၍ လူလေးဦးအထိ ‌ေ-သဆုံးပြီး ၁၇ ဦးပိ-တ်မိနေသေးကြောင်း ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။ အဆိုပါမြေပြိုမှုသည် မြို့နှစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး...

အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ‌ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက...
HomeCelebrities' Newsဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီး အဖြစ်...

ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီး အဖြစ် ပထမဆုံး သရုပ်ဆောင် သွားမယ့် အလှမယ် ထက်ထက်ထွန်း

Htet-Htet-Tunအလှမယ် ထက်ထက်ထွန်းက ဒါရိုက်တာ လွင်ဗို ရိုက်ကူးမယ့် “ချစ် ခြင်းစတုဂံ” ဆိုတဲ့ ဇာတ်လမ်းတွဲကို သရုပ်ဆောင်ခါရာနဲ့အတူ စက်တင် ဘာလမှာ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ထက် ထက်ထွန်းက လေယာဉ်မယ် အဖြစ် ပါဝင်သရုပ်ဆောင် ရမှာဖြစ်ပြီး ဇာတ်လမ်းလေးက အက်ရှင်ဒရာမာ ဇာတ်လမ်းလေး ဖြစ်တယ်လို့ သိရပါတယ်။ ထက်ထက်ထွန်းက  Cham ဇာတ်လမ်းတွဲ မှာတော့ ဧည့် သည်သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင် ထားခဲ့ပြီး ဒီ ဇာတ်လမ်းတွဲ ကတော့ သူပထမဆုံး ခေါင်းဆောင် မင်းသမီး အဖြစ် ပါဝင်သရုပ်ဆောင် ရိုက်ကူးမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲ အတွက် ပြင်ဆင်မှုကိုတော့ အလှမယ် ထက်ထက်ထွန်းက …

“အဲဒီဇာတ်လမ်းက အဓိကက ယိုးဒယားဇာတ်ကားကို ယိုးဒယား က ဇာတ်ညွှန်း ဆရာနဲ့ တရားဝင်ပြော ပြီး ယိုးဒယားက သူတို့   ဇာတ် ကား ပုံစံ ပြန်ရိုက်ပေးပါ ဆိုပြီး ပြောထားတော့ ဇာတ်လမ်း ပုံစံက တော့ သူတို့ ဇာတ်လမ်းပုံစံ သွားမယ်။ ဒါပေမဲ့ မြန်မာမှုဗားရှင်းနဲ့ ပြန်ပြီး ရိုက်မှာ ဆိုတော့ သူတို့ရဲ့ ဇာတ်ကားကို ပြန်လေ့လာဖို့တော့ စဉ်း စားထားတယ်။ ဒါပေမဲ့ ဇာတ်ကားက မတွေ့သေး ဘူးဖြစ်နေ တယ်။ အဲဒီကားပုံစံမျိုးပဲ ပြန်ရိုက်မှာဆိုတော့ ပြန်တော့ လေ့လာချင်တယ်။ တစ် ဖက်က ကြည့်ချင်သလို တစ်ဖက်ကလည်း မကြည့်ချင် ဘူး။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေ ပြန်လွှမ်းမိုး လာမှာစိုးလို့ ကိုယ်လုပ်နေတဲ့ အချိန် မှာလေ။ အဲဒီလိုမျိုးဆိုတော့ လေ့တော့လေ့လာမယ် ဒါပေမဲ့ ကိုယ့်ဘာ သာကိုယ်ပဲ ဇာတ်လမ်းကို အကောင်းဆုံး ဖတ်ပြီး ကာရိုက်တာ ဝင် အောင်တော့ Dress လေးတွေ စီစဉ်နေတယ်။ ကိုယ်ကိုယ်တိုင်က အက်ရှင်ဝင်လုပ်ရမှာ မရှိတော့ တအားကြီးတော့ Heavy မဟုတ် ဘူးပေါ့နော်။ လောလောဆယ်ဆယ် ရင်ခုန်မှု စိတ် လှုပ်ရှားမှု ကတော့ Scene ပေါ်ကျမှ ပိုသိလိမ့်မယ် ထင်တယ်။ အချိန်တွေ တော့ အများကြီး ပေးထားရမယ်။ ဒီကြား ထဲဘာမှ အလုပ်လုပ် လို့ မရဘူး။ ၂လ ခွဲ ၃ လလောက်က အချိန်ပေးရမယ်။ ဒီကြားထဲ မှာလည်း ဇာတ်လမ်းတွဲ အတွက်ကိုပဲ ပြင်ဆင်မှုတွေ လုပ်နေရမှာပါ” လို့ ပြင်ဆင်မှု အပိုင်းကိုပြောပြပါတယ်။

ဒီဇာတ်လမ်းတွဲကို မြဝတီ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်တဲ့ အတွက် မြန်မာတစ်နိုင်ငံလုံး ကကြည့်ရှုမယ့် ပရိသတ် များ လက်ခံနိုင်မယ့် ပုံစံမျိုးဖြစ်အောင် ကြိုး စားသွားမှာဖြစ်သလို ပထမဆုံးရိုက်တဲ့ ဇာတ် လမ်းတွဲမှာ သူ့ရဲ့ပြင်ဆင်မှုတွေကြောင့် တစ် စုံတရာ ထိခိုက်နစ်နာ သွားတာမျိုး မဖြစ်ရ အောင် ဂရုတစိုက်နဲ့လုပ်ဆောင်သွားရ မှာဖြစ်ကြောင်း ထက်ထက်ထွန်းက ပြော ပြလာပါ တယ်။

“အခုအချိန်မှာ မြန်မာနိုင်ငံက ပရိသတ်တွေက ဇာတ်လမ်းတွဲတွေ ကို ပိုအားပေးလာကြတယ်။ အဲဒီအ တွက် တာဝန်ကြီးတယ်။ ပြီးတော့ မြဝတီက ပြမှာဆိုတော့ မြန်မာ နိုင်ငံ တစ်နိုင်ငံလုံး နယ်စွန် နယ်ဖျားကပါ ကြည့်ကြရမှာ ဆိုတော့ ကိုယ့်ရဲ့ဝတ်စား ဆင်ယင်မှု အပိုင်းမှာ အဓိကပေါ့နော်။ အား လုံး တစ်တိုင်းတစ် ပြည်လုံး လက်ခံနိုင် မယ့်ပုံစံမျိုး။ ပြီးတော့ ရန်ကုန်လို မြို့ပြ နေ ရာက ကြည့်လို့ ရှိရင် လည်း တအားကို ရိုးရှင်း တဲ့ ပုံစံမျိုးလည်း မဟုတ်ရ အောင် ပြီးတော့ ကာရိုက်တာ ကို လည်းလိုက်ဖက်အောင် ဘက် စုံစဉ်းစားပေးရပါတယ်။ ဆင်ဆာတွေနဲ့ လည်း အဆင်ပြေအောင် စဉ်းစားပေး ရပါတယ်။ ကိုယ့်ရဲ့ အဝတ်အစား တစ်စုံ တစ်ခု ပြင်ဆင်မှုကြောင့် ဇာတ်ကားနဲ့ ကိုယ့်ဘေးက ဗခအသမ တွေ နစ်နာ သွား မှာလည်း စိတ်ပူတယ်။ အဲဒီ အတွက်အစစ အရာရာ ဂရုစိုက်ရပါ့မယ်” လို့ ပြောပြ ပါတယ်။ ဒီဇာတ်လမ်းတွဲကို ပြင်ဦးလွင်၊ တောင်ကြီးတို့နဲ့ ဘန်ကောက်မြို့တို့မှာ သွား ရောက်ရိုက်ကူးမှာ ဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071