Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsဇာတ်လမ်းတွဲတွေဆက်ပြီး ရိုက်ကူးသွားဦးမယ့်ပိုးကြာဖြူခင်

ဇာတ်လမ်းတွဲတွေဆက်ပြီး ရိုက်ကူးသွားဦးမယ့်ပိုးကြာဖြူခင်

‘မိုးကောင်းကင်အိပ်မက်’ဇာတ် လမ်းတွဲမှာ ဆိုင်းမိုင်အဖြစ် သရုပ် ဆောင်ခဲ့တဲ့ ပိုးကြာဖြူခင်က ပရိ သတ်တွေရဲ့ အချစ်ကို သိမ်းပိုက် သွားသူပါ။ ဒီဇာတ်လမ်းတွဲကို အ နယ်နယ်အရပ်ရပ်က ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါ တယ်။ မြန်မာဇာတ်လမ်းတွဲတွေကို အခုလိုကြိုက်နှစ်သက်လာကြတဲ့အ တွက် ဇာတ်လမ်းတွဲသရုပ်ဆောင် ဖြစ်ရတာ ဝမ်းသာပီတိဖြစ်ရတယ် လို့ဆိုသူ ပိုးကြာဖြူခင်က …

”တချို့ပရိသတ်တွေတောင် ပြောကြတယ်။ အရင်ကဆိုရင် မြန် မာဇာတ်ကားတွေကိုမကြိုက်ကြဘူး။ ရုပ်ရှင်တောင် မကြည့်ဖြစ်တဲ့သူတွေ က လူပြောများလာလို့ ဆိုပြီး ဒီဇာတ် လမ်းတွဲကို ကြည့်ရှုပြီး ကြိုက်လာကြ တယ်တဲ့။ အဲဒီအပေါ်မှာ တအား ဝမ်းသာတယ်။ အခုခေတ်မှာဆိုရင် ဇာတ်လမ်းတွဲလောက ပိုပြီးကျယ်ပြန့် လာတယ်။ ပရိသတ်ကလည်း ပိုပြီး လက်ခံလာကြတယ်။ ရုပ်ရှင်နဲ့ ဗီဒီယို ဆိုရင်တောင်မှ အချိန်အားမှ တကူး တကသွားရောက် ပြီး ကြည့်ရမှာဆို တဲ့ပုံစံမျိုးဖြစ်တယ်။ ဇာတ်လမ်း တွဲကျတော့ အိမ်မှာနေတဲ့အချိန်မှာ နေ့တိုင်း လိုလို ပရိသတ်နဲ့ ထိတွေ့ခွင့် ရတယ်။ အဲဒါကြောင့် ညီမတို့ ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေက သူများထက် ပိုပြီးအခွင့်အရေးပိုများ တယ်။ ကိုယ့်ဘာသာကိုယ်ပိုက်ဆံရှိလို့ ထုတ်ရိုက်ချင်ရင်တောင်မှ ပေါက်ဖို့ မပေါက်ဖို့ဆိုတာ ကိုယ့်ရဲ့စန်းနဲ့ ပံ့ပိုးပေးသူတွေနဲ့ အများကြီး မူတည် သေးတယ်။ ဇာတ်လမ်းတွဲရိုက်ကူး တဲ့အခါ Forever Group က ညီမတို့ကို ပံ့ပိုးမှု တအားကောင်း တယ်။ အဘက်ဘက်ကနေဖြည့် ဆည်းပေးတယ်။ အဲဒီအတွက် ကြောင့်အခုလို ပရိသတ်တွေနဲ့ ထိ တွေ့ခွင့်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လမ်းတွဲတွေ ဆက်ပြီး ရိုက်ကူး သွားဦးမယ်။ ဇာတ်လမ်းတွဲ သရုပ်ဆောင် တစ် ယောက် ဖြစ်ခွင့်ရ တဲ့အတွက် အလွန်ဝမ်းသာပါ တယ်”လို့ ပြောပါတယ်။

၂ဝဝ၉ ခုနှစ်မှာ ဆရာဂျွန်လွင်ရဲ့ မော်ဒယ်လ် သင်တန်းကို တက်ရောက်ခဲ့ပြီး အနုပညာလောကထဲဝင် ရောက်လာ ခဲ့တဲ့ ပိုးကြာဖြူခင်က ပြိုင်ပွဲ ၂၉ ပွဲ ဝင်ပြိုင်ခဲ့ဖူးပြီး ဆုပေါင်း ၁၆ ဆုရရှိခဲ့ သူပါ။ ပြိုင်ပွဲတွေ မှာ ဝင်ရောက် ယှဉ်ပြိုင်ရတာကို ဝါ သနာပါသူ တစ်ဦးဖြစ်ပြီး နောက်ပိုင်း မှာ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ် ဆောင်ဖို့အတွက် ဝင်ရောက် ရွေး ချယ်ခံခဲ့တာပါ။ သရုပ် ဆောင်အလုပ် က မူးယစ်ဆေးလိုပါပဲလို့ ဆိုတဲ့ ပိုး ကြာဖြူခင်က ”ဇာတ်လမ်းတွဲကို တောက်လျှောက်ရိုက်တယ်။ ဇာတ် ကောင်ကာရိုက်တာတစ်ခုကိုပဲ အ ချိန်အကြာကြီး လနဲ့ချီပေးထားပြီး တော့ ဒီဇာတ်ကောင်ဖြစ်သွား တယ်။ ပရိသတ်တွေကြားထဲ ရောက်သွား တယ်။ အဲဒါကို ကျေနပ်သွားတယ်။ ဇာတ်လမ်းတွဲတွေပဲ ပါဝင်ရိုက်ကူး ချင်တော့တယ်။ Miss ပြိုင်ပွဲတွေကို တော့ သူ များပြိုင်ရင် အားပေးတယ်။ ကိုယ်တိုင်လည်း ရင်ခုန်တယ်။ ကိုယ် တိုင်တော့ပြိုင်ဖို့ အစီအစဉ် မရှိ တော့ပါ ဘူး”လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော် ၏"ထင်ရှားထူးချွန်ဆရာဝန်"၊ အတ္ထုပ္ပတ္တိစာပေ ဘာသာရပ်တွင် ဗိုလ်အေးမြင့်ကြူ၏ "ကျွန်တော့်ကိုမမေ့ပါနဲ့"၊ ၂၀၁၉ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် သိန်းထွန်း(မြဝတီ)၏ "တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးစံများ"၊ ၂၀၂၀ ခုနှစ်အတွက် အသုံးချသိပ္ပံဘာသာရပ်တွင် ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ)၏ "ကျန်းမာခြင်းဆုလာဘ်"စာအုပ်တို့ကို ရွေးချယ်ခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်အတွက် သုတ(ဝိဇ္ဇာ)ဘာသာရပ်တွင် ကျော်ကျော်လှိုင်၏ "ရှေးမြန်မာမင်းများ၏ ခေါင်းဆောင်မှုအရည်အသွေးကိုလေ့လာခြင်း (တတိယမြန်မာနိုင်ငံတော်)"၊ ၂၀၂၂...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၉၅၀)အတွက် ထောက်ပံ့ငွေကျပ်(၃၄၂၀)သိန်းလှူဒါန်း

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက နေပြည်တော်ကောင်စီရုံး၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ ထောက်ပံ့လှူဒါန်းပွဲ၌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သွားရောက်ကြီးကြပ်ပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းသည့် ထောက်ပံ့ငွေကျပ်(၃၄၂၀) သိန်းအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးကလက်ခံရယူခဲ့ပြီးနောက် နေပြည်တော်ကောင်စီ ဝင်ဦးမြင့်စိုးက နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနနှင့် နေပြည်တော်လမ်းကြီးကြပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေများနှင့် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့်...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင် ပါဝင်ကြရန် ဒေါက်တာ သက်သက်ခိုင်တိုက်တွန်း

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့ မေလ (၁၁) ရက် ၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။ " လက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုပြီးတော့မှ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့နဲ့ ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာ စည်းလုံးညီညွတ်တဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071