Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' Newsဇာတ်ပို့၊ ဇာတ်ရံတွေ အကယ်ဒမီ...

ဇာတ်ပို့၊ ဇာတ်ရံတွေ အကယ်ဒမီ ရရေးဆိုတာ အိပ်မက်လို ဖြစ်သွားပြီ အကယ်ဒမီ ဇော်ဦး

zawoo

တီဗီချန်နယ်ပြသနေတဲ့ ‘ဆုံစည်းခြင်းမိုးတိမ်များ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ ဦးဇော်ဦးနဲ့တွေ့ဆုံခိုက်အဲဒီဇာတ်လမ်းတွဲအကြောင်းကို မေးမြန်းဖြစ်တဲ့အခါ ……

“ကျွန်တော် ကြော်ငြာတာမဟုတ်ဘူးနော်။ ‘ဆုံစည်းခြင်းမိုးတိမ်များ’ဇာတ်လမ်းက အင်မတန်မှ ကောင်းပါတယ်။ လက်ရှိပြသသွားတဲ့ ဇာတ်ကားတွေထဲမှာ အအောင်မြင်ဆုံး၊ လူကြည့်အများဆုံး၊ ပရိသတ်ရင်ကို ဆွဲခါယမ်းနိုင်ဆုံး စီးရီးက အဲဒီစီးရီးပါပဲ။ ကျွန်တော်ပြောတာမယုံပါနဲ့။ ပရိသတ်တွေကို မေးကြည့်ပါ။ ရိုက်ကူးခဲ့ရတာလည်း ၉လနီးပါးလောက်ရိုက်ကူးခဲ့ရပါတယ်။ ထိုင်းဒါရိုက်တာ၊ ထိုင်ွးှနော နဲ့ ရိုက်ကူးခဲ့ရတဲ့အတွက် အင်မတန်မှလည်း ပင်ပန်းခဲ့ပါတယ်။ အင်မတန်မှလည်း ပညာရပါတယ်” လို့ သူကပြောပါတယ်။ ဦးဇော်ဦးတို့အနေနဲ့နောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူး လာရတာများ တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်တဲ့အခါနဲ့ ကွာခြားသွား တဲ့အပိုင်းတွေ ရှိသလားဆိုတာကို လည်း ဆက်လက်မေးဖြစ်တဲ့အခါ..

“ရုပ်ရှင်ရိုက်တယ်ဆိုတာက ဦးဇော်ဦးတို့ လက်ရှိအခြေအနေက ၁၅ဆင်း(န်)ကပုံမှန်ပေါ့။ အခုဆို ၅ဆင်း(န်)၊ ၆ဆင်း(န်)လောက်ပဲရိုက်ရ တော့တယ်။ အကယ်ဒမီကွက်တွေကို မပေးချင်တော့ဘူး။ အထူးသဖြင့် မင်းသားတွေ အကယ်ဒမီရရေးကို ပရိုဂျူဆာတွေကဖန်တီးပေးရတဲ့ အပိုင်း တွေ ဖြစ်နေတယ်။ အဲဒီတော့ ဦးဇော်ဦးတို့က သူတို့ကို ပံ့ပိုးပေးရတဲ့ အပိုင်း တစ်စိတ်တစ်ဒေသလောက်ပဲ ရှိတော့တယ်။ ဦးဇော်ဦးတို့ ဇာတ်ပို့၊ ဇာတ်ရံ တွေ အကယ်ဒမီရရေးဆိုတာ အိပ်မက်လို ဖြစ်သွားပြီ”လို့ ပြောပါတယ်။ အသက်အရွယ်အားဖြင့် ၆ဝနှစ်ထဲဝင်လာပြီဆိုတဲ့ ဦးဇော်ဦးကို သူ့ရဲ့ကျန်း မာရေးအကြောင်းကိုလည်း မေးဖြစ်ခဲ့ပါသေးတယ်။ “ကျန်းမာရေးကို ဂရုစိုက် ထိန်းသိမ်းဖို့ အချိန်မရှိဘူး။ ဘာနဲ့ထိန်းသိမ်းသလဲဆိုတော့ အလုပ်နဲ့ပဲထိန်း သိမ်းနေရတယ်။ ခရီးတွေထွက်နေရတယ်။ အိမ်မှာနေရတဲ့ ၂ရက်၊ ၃ရက်က ကျွန်တော့်အတွက် သုခဘုံပါပဲ”လို့ ဦးဇော်ဦးက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071