Thursday, March 20, 2025

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို...

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeCelebrities' Newsဇာတ်ပို့တွေအတွက် အကယ်ဒမီဆိုတာ အိပ်မက်တစ်ခုလိုပါပဲ...

ဇာတ်ပို့တွေအတွက် အကယ်ဒမီဆိုတာ အိပ်မက်တစ်ခုလိုပါပဲ ဂွမ်းပုံ

Gon Pone

တက္ကသိုလ်ဂွမ်းပုံက သူ့ရဲ့ အနုပညာသက်တမ်း ၃၁ နှစ်တာကာလအတွင်းမှာ အဓိကဇာတ်ဆောင်အဖြစ် “ဘောစိ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ခွင့်ရခဲ့ပြီး ပရိသတ်တွေက လည်း “ရိုစီ” ဇာတ်ရုပ်ကို တစ်ခဲနက်အားပေးခဲ့ကြသလို အခုနှစ်အကယ်ဒမီအတွက်လည်း တစ်ကြိုပေးခြင်းခံနေရပါတယ်။ ၂ဝ၁၅ ခုနှစ် အကယ်ဒမီတုန်းက “ဤအရာကို အချစ်ဟုခေါ်သလား” ဇာတ်ကားနဲ့ ဘဝအတွက် ပထမဆုံးဇာတ်ပို့ဆုကို ရရှိခဲ့တဲ့ ဂွမ်းပုံကို အခုနှစ်အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် အကယ်ဒမီ ရင်ခုန်သံကို မေးမြန်းတော့..

” မဂွမ်းရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ ဇာတ်ဆောင် အနေ နဲ့က “ဘောစိ”ဆိုတဲ့ ဇာတ်ကားတစ်ကားပဲ ရှိတာပါ။ ကျန်တဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာက ဇာတ်ပို့အနေနဲ့ ပဲ ရိုက်ကူးခဲ့ရတာပါ။ မဂွမ်းရဲ့ အကယ်ဒမီကလည်း အကောင်းဆုံး ဇာတ်ပို့ဆုပဲရရှိခဲ့တယ်။ “ဘောစိ” ဇာတ်ကားက ပထမတော့ ဇာတ်ပို့အနေနဲ့ ငှားခဲ့တာပါ။ ဇာတ်ကားမှာ မဂွမ်းရဲ့ဆင်းန်ကလည်းများတယ်။ နောက်တစ်ဆင့်တက် ပြီး မင်းသမီးနေရာမျိုးက သရုပ်ဆောင်ခဲ့ရ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ခဲ့တာပါ။ မဂွမ်းတို့လို ဇာတ်ပို့တွေအတွက် အကယ်ဒမီဆိုတာ အိပ်မက်တစ်ခုလိုပါပဲ။ မင်းသား၊ မင်းသမီးတွေအတွက် တစ်နေ့နေ့မှာ အကောင် အထည်ပေါ်လာနိုင်ပါတယ်။ ဇာတ်ပို့၊ ဇာတ်ရံ တွေအတွက် တော့ ဝေးပါတယ်။ မမျှော်မှန်းနိုင်တဲ့အရာတစ်ခုက ဖြစ်လာရင် ကောင်းပေမယ့် မဖြစ် လာရင် ဝမ်းနည်းရပါတယ်။ ဒါကြောင့် မဂွမ်းကို ရနိုင်လောက်တယ်နော်လို့ ပြောတာနဲ့တင် အတော်လေး ဝမ်းသာရပါပြီ။ ဒီနှစ်က ဇာတ်ကားတွေလည်းများတယ်။ သက်မွန်တို့၊ အေးမြတ်သူ တို့ကလည်း ကောင်းကြ တယ်။ မဂွမ်းတို့က ဟာသချည်းပဲ ဆိုတော့ မမျှော်မှန်းရဲပါဘူး” လို့ ဂွမ်းပုံက ပြောပါတယ်။ ဂွမ်းပုံက ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးတဲ့ ဇာတ်ကားထဲမှာ ပက်ထရစ်ရှာ၊ ပွင့်တို့နဲ့အတူ ကျောင်းသူဇာတ်ဝင်ခန်း တချို့ကို ရိုက်ကူးနေတာ တွေ့ရပါတယ်။ ဂွမ်းပုံအနေနဲ့ကလည်း မင်းသမီးတော်တော်များများရဲ့ သူငယ်ချင်းဇာတ်ရုပ်ကို အချိန်အတော်ကြာ ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသူ အသွင်နဲ့ ဒီကနေ့အချိန်ထိ ပရိသတ် တွေအမြင်မှာ စွဲနေတဲ့ ဂွမ်းပုံအတွက်တော့ နောက်ပိုင်းမှာ အသက်အရွယ်ပေါ် မူတည်ပြီးပဲ ဇာတ်ကားတွေ ကမ်းလှမ်းကြတယ်လို့ ဆိုပါတယ်။

” ဒါရိုက်တာတွေလည်း နောက်ပိုင်း မဂွမ်းတို့ကို တက္ကသိုလ်ကျောင်းသူဆိုပြီး မငှားကြတော့ပါဘူး။ ဟိုးအရင်က ဇာတ်ကားလေးတွေ ပြန်ပြနေကြလို့သာမဂွမ်းကို ကျောင်းသူလေးဆိုပြီး မြင်နေကြ တာပါ။ မဂွမ်း ကို ဇာတ်ကား ရိုက်ကူး ဖို့လာငှားတဲ့အခါ မဂွမ်းရဲ့ အသက် အပိုင်းအခြားအရ အသက် ၄ဝ ကျော် မိန်းမတစ်ယောက်၊ ဒါမှမဟုတ် မင်းသမီး၊ မင်းသားတွေရဲ့ အမေ ပုံစံမျိုးတွေ၊ သူကြီးကတော် ပုံစံမျိုးတွေ၊ အပျိုကြီးမမ ပုံစံမျိုးတွေပဲ လာပါတော့တယ်” လို့ ဂွမ်းပုံ ကပြောပါတယ်။ ဂွမ်းပုံက ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ “ဟန်နီနဲ့ဖီဖီ” ဇာတ်ကားမှာလည်း လူမင်း၊ ကျော်ကျော်ဗို၊ ခိုင်သင်းကြည်တို့နဲ့အတူပါဝင်သရုပ်ဆောင် ထားပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071