စိုင်းစိုင်းခမ်းလှိုင် ပါဝင်သရုပ် ဆောင် ထားတဲ့ “ချိုမြိန်သော လက်စားချေခြင်း” ရုပ်ရှင်ဇာတ်ကား ကြီးလည်း မကြာခင် ရုံတင်ပြသ တော့ မှာဖြစ်ပါတယ်။ ဒီဇာတ်ကား အပေါ် စိုင်းစိုင်း ခမ်းလှိုင်ရဲ့ ကျေနပ် အားရမှုကို မေးကြည့်တော့
“ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အတိုင်း ဇာတ်ကား ပီပီပြင်ပြင်လေး ထွက်လာတဲ့ အပေါ်မှာ အရမ်း ဝမ်းသာမိပါတယ်။ ကျေနပ် အားရမှုက ဘယ် အခန်းရယ်လို့တော့ မရှိပါဘူး။ တစ်ကားလုံးက ကိုယ် တိုင် ထုတ်လုပ်ထားရတာလည်း ဖြစ်ပါတယ်။ ဆရာ မီးပွားက ဒါရိုက်တာ အနေနဲ့ ရိုက်ကူးတယ်။ မခိုင်မာ ဝင်း က Produce အနေနဲ့ ထုတ်လုပ်တယ် ဆိုပေမယ့် လည်း Production မှာ ကျွန်တော်တို့ အစ ကနေ အဆုံးထိ ပါဝင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကြိုးစား အားထုတ်မှု အပေါ်မှာ နောက်ဆုံး ရလာတဲ့ result လေး ကို ကြည် နူးပီတိဖြစ် မိပါတယ်”လို့ ပြောပါတယ်။
ဒီဇာတ်လမ်းလေးက သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းလေး ဖြစ်ပြီး ဇာတ် ကားထဲမှာ အဆိုတော်တစ် ယောက် အနေနဲ့ သရုပ်ဆောင် ထားပေမယ့် အပြင်က ကာရိုက်တာနဲ့တော့ မတူကြောင်း စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
“အပြင်ကစိုင်းစိုင်းက Rapper တစ်ယောက်ဖြစ်တယ်။ Pop Star တစ်ယောက်ပုံစံမျိုး ဖြစ်တယ်။ ဒီမှာက မအောင်မြင်ခင်မှာ အဆိုတော် ဖြစ်ဖို့ကြိုး စားနေတယ်။ ပြီးတော့ ကျွန်တော် အပြင်မှာဆိုတဲ့ စိုင်းစိုင်းနဲ့ ဒီမှာဆိုတဲ့ music စတိုင်လည်း မတူဘူး။ အမူအရာ လည်း သိပ်မတူဘူး”လို့ ပြော ပါတယ်။
ဇာတ်ကား ရိုက်ကူး တော့ မယ်ဆိုရင် ဇာတ်လမ်းကို နံပါတ် တစ်အရင် စဉ်းစားတယ် ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် က ကာရိုက် တာအများကြီး ထပ်လုပ် ကြည့်ချင်သေးကြောင်း ပြောပါ တယ်။
“ကာရိုက် တာက တော့ လူပေါင်း တစ် သိန်းရှိရင် ကာရိုက် တာပေါင်း တစ်သိန်း ကွဲ ပြားနေ မှာပဲ။ ကျွန် တော် က တော့ ဇာတ် လမ်း ကို နံပါတ်တစ် စဉ်းစားတယ်။ ဖြစ်နိုင်ရင် ကာရိုက်တာတွေ အများကြီး ထပ် လုပ် ကြည့်ချင်ပါသေးတယ်”လို့ ပြောပါတယ်။
သတင်း ၊ဓာတ်ပုံ-တွယ်တာ