Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsဇာတ်ကားရိုက်နေရပေမယ့် သားနဲ့သမီးကို...

ဇာတ်ကားရိုက်နေရပေမယ့် သားနဲ့သမီးကို လွမ်းနေရတဲ့ သက်မွန်မြင့်

 

သက်မွန်မြင့်အနေနဲ့ ဒုတိယ ရင်သွေးငယ်လေး သမီးလေးကို မွေးဖွား ပြီးတဲ့နောက် ဒုတိယမြောက် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်တာကတော့  ဒါရိုက်တာ စတီးလ်ရဲ့ ‘သခင်ကြီးနှင့် ငါးပိရည်တို့စရာ’  ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးရင်းနဲ့လည်း သားနဲ့သမီးကိုသတိရစိတ် လွမ်း စိတ်တွေ ဖြစ်ပေါ်နေရကြောင်းကို သက်မွန်မြင့်က …

“စိတ်ကတော့ ရောက်တယ်။ စိတ်ကတော့ တအားမြန်တယ်။ ကလေး တွေဆီပဲ အမြဲတမ်း ကပ်နေတာပေါ့ ။ ဒါပေမယ့်လည်း အလုပ်လက်ခံ လိုက်ပြီ ဆိုရင် ဒီအလုပ်ကို အကောင်းဆုံး ကြိုးစားချင်စိတ်ရှိတယ်။ ရှေ့က ဇာတ် ကားမှာဆိုရင် ကားရိုက်နေရင်းနဲ့ သမီးလေးက ဖျားသွားတယ်။ တစ်ခါမှလည်း မဖျားဖူးဘူးဆိုတော့ သူများတွေ အကုန်လုံး နေကောင်းသွားမှ သူကဖျား တယ်။ ငယ်လည်းငယ်သေးတော့ တော်တော် စိတ်ပူသွားတယ်။ ဒါပေမဲ့ ဒီ ဘက်မှာက ကားရိုက်လက်စကြီးလည်း ဖြစ်နေ တယ်။ ရုပ်ရှင်ရိုက်ကူးတယ်ဆိုတာ ရက် သတ်မှတ်ပြီးသားပေါ့နော်။ Team Work ပေါ့နော်။ လူတွေအများကြီးနဲ့ အလုပ် လုပ်ရတဲ့အခါကျတော့ သမီးလေးနေ မကောင်းလို့ မရိုက်ကူးနိုင်တော့ဘူးလို့ လုပ်လို့ မရဘူးလေ။ ဒီဘက်မှာ အများကြီး နစ်နာဖို့တွေ ရှိတယ်။ အဲဒီအခါကျတော့ ဇာတ်ကားကို သေချာရိုက်ကူးပြီး သမီး လေးဘက်ကို စိတ်လျော့ထားရ တယ်။ ပြန်ရောက်မှပဲ သူ့ကို သေချာ ပြုစုပေါ့။ အဲဒီလို မျိုး လေးလုပ်ရတာပေါ့။ ဒီအလုပ်က ကိုယ်ပိုင် အလုပ်လည်း မဟုတ်ဘူး။ တစ်ယောက်တည်း လုပ် နေရတာလည်း မဟုတ် တော့ အဆင်ပြေအောင် တော့ လိုက်လုပ်ရတာပေါ့ လေ” လို့ သားနဲ့သမီးဆီ သူ့ စိတ်ရောက်ရှိနေပေ မယ့်လည်း လက်ခံထားတဲ့ အလုပ်အပေါ်မှာလည်း တာဝန်ကျေအောင်အကောင်း ဆုံး သရုပ်ဆောင်ထားကြောင်း ကို ပြောပြခဲ့တာ ဖြစ်ပါ တယ်။

အခု လတ်တလောမှာ တော့ သက်မွန်မြင့်က ဒါရိုက်တာ ဇမ္ဗူထွန်း သက် လွင် ရိုက်ကူးမယ့် ‘အပြင်းစား အချစ်’ ရုပ်ရှင်ဇာတ်ကားကိုလူမင်း၊ နေဒွေး၊ နေနော်တို့နဲ့အတူ ပါဝင်ရိုက် ကူးတော့မှာ ဖြစ်ပါတယ်။

        ဇင်မာနွယ်               

ဓာတ်ပုံ အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071