Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeCelebrities' Newsဇာတ်ကားတွေမရိုက်ကူးရတော့တဲ့အတွက် ၀မ်းရေးအတွက် အိမ်ဆိုင်ဖွင့်ပြီး...

ဇာတ်ကားတွေမရိုက်ကူးရတော့တဲ့အတွက် ၀မ်းရေးအတွက် အိမ်ဆိုင်ဖွင့်ပြီး ရုန်းကန်နေရတဲ့ ဦးမန်းဝင်း

ဆီးချိုရောဂါဝေဒနာခံစားနေရတဲ့ လူရွှင်တော် ကြီးဦးမန်းဝင်းက ဆီးချိုရောဂါအတွက်ဆေးဝါးတွေ သောက်သုံးနေရရင်းနဲ့ ကျောက်ကပ်ကျုံ့လာတာကိုပါ ခံစားလာရပြီး အခုလက်ရှိအချိန်မှာတော့ ကျောက် ကပ်ဆေးနေရတယ်လို့ သိရပါတယ်။ ဆီးချိုရောဂါဝေဒနာခံစားနေရတဲ့ လူရွှင်တော် ကြီးဦးမန်းဝင်းက ဆီးချိုရောဂါအတွက်ဆေးဝါးတွေ သောက်သုံးနေရရင်းနဲ့ ကျောက်ကပ်ကျုံ့လာတာကိုပါ ခံစားလာရပြီး အခုလက်ရှိအချိန်မှာတော့ ကျောက် ကပ်ဆေးနေရတယ်လို့ သိရပါတယ်။

“ဦးမန်းကကုသိုလ်ကံ ကောင်းပါတယ်။ လူရွှင် တော်အဖွဲ့ကလည်းတစ်နှစ်တစ်ခါကန်တော့တယ်။ ကျောက်ကပ်ဆေးဖို့အတွက် ရာသက်ပန်အလှူရှင်တွေ ရှိတယ်။ ပြီးတော့ဆေးဝါးအတွက်ကျတော့လည်း ရုပ်ရှင်မင်းသမီး ပိုင်ဖြိုးသုတို့ မိသားစုက ရာသက်ပန် အလှူရှင်ပေါ့။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ သူ့ရဲ့ရောဂါနဲ့ ပတ်သက်ပြီး ဦးမန်းဝင်းက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဦးမန်းဝင်းကို ဇာတ်ကားရိုက်ကူး မှုတွေအတွက် လာရောက်ခေါ်ယူကြတော့ခြင်းမရှိ တော့တဲ့အတွက်သူ့အနေနဲ့ အိမ်မှာအိမ်ဆိုင်လေးဖွင့် လှစ်ထားပြီး ဝမ်းရေးအတွက် ဖြေရှင်းနေရတယ်လို့ ပြောပြပါတယ်။ “မခေါ်ဘူးဆိုတာကလည်း ဒါကစီးပွားရေးကိစ္စ ပဲလေ။ ဦးမန်းကဒါကိုစိတ်ဆိုးလို့မရဘူးလေ။ ဦးမန်း ကအလုပ်မရှိရင်မနေတတ်တဲ့အခါကျတော့ အိမ်ရှေ့မှာ လက်ဖက်ခြောက်၊ ထီး၊ ပြီးတော့ ဦးမန်းအမျိုးသမီး ကိုယ်တိုင်ချည်ထိုးလုပ် ပိုက်ဆံအိတ်လေးတွေ ထိုင် ရောင်းနေရတာပေါ့။ တစ်နေ့တစ်နေ့လည်း ရောင်းရတဲ့ နေ့ရောင်းရ တယ်။ တစ်ခါတစ်ခါလည်း ဈေးဦးတောင် မပေါက်ဘူး။ အဆင်မပြေပါဘူး။ အလှူရှင်တွေရှိလို့ပေါ့။ အလှူရှင် တွေသာမရှိရင် ဦးမန်းကိုတွေ့မြင်ရတော့မှာမဟုတ်ဘူး။ အခုလောက်ဆို အရိုးဆွေးနေလောက်ပြီ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲကွယ်။ လက်ဖက်ခြောက် တစ်ထုပ်မှာ ကျပ်၂ဝဝ၊၃ထုတ်မှ ၅ဝဝလေ။ဆိုင်ကသေး တော့ ဈေးဦးကလည်း မပေါက်ဘူး”လို့ သူ့ရဲ့လက်ရှိ စီးပွားရေးနဲ့ပတ်သက်လို့ ဦးမန်းဝင်းက ပြောပါတယ်။ လူရွှင်တော်ကြီးဦးမန်းဝင်းက လူရွှင်တော်သက် ကြီးပူဇော်ပွဲကို တက်ရောက်ကန်တော့ခံခဲ့ပြီး သူ့အနေ နဲ့လည်း လူငယ်လူရွှင်တော်တွေရဲ့ သိတတ်မှုအပေါ် ပီတိတွေဖြစ် နေတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။

“ဦးတို့ရဲ့အသက်တွေက မီးစာကုန်ဆီခန်းဖြစ်နေ ပြီလေ။ ရေတွင်းထဲမှာကျနေတဲ့ ဖားလေးကိုအပေါ်ကို ဆွဲတင်လိုက်သလိုပါပဲ။ ဝမ်းလည်းဝမ်းသာတယ်။ ဦးတို့ ခေတ်ကာလတုန်းက ပရဟိတဆိုတာလည်း မရှိဘူး။ ကူညီပံ့ပိုးမှုတွေကလည်း ရှားတယ်။ အခုလူငယ်လေး တွေက သူတို့အင်နဲ့အားနဲ့ လုပ်ဆောင်နေကြတာဆိုတော့ ဝမ်းသာမိတယ်”လို့ ပြောပါတယ်။

 လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071