Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsဇာတ်ကားတွေထဲမှာ ဖြတ်လျှောက်ဘဝကနေစခဲ့တဲ့...

ဇာတ်ကားတွေထဲမှာ ဖြတ်လျှောက်ဘဝကနေစခဲ့တဲ့ ဇာတ်ကားတွေမှာ ယွန်းရွှေရည်

သရုပ်ဆောင် ယွန်းရွှေရည်က အခုလတ်တလောမှာ ဇာတ်ကားတွေ ရိုက်ကူးထားပြီး နယ်ရှိုးတွေဆိုနေတာဖြစ်ကြောင်း သိရပါတယ်။ သူမရဲ့ နယ်ရှိုးပွဲဆိုဖြစ်တဲ့အကြောင်းကိုတော့ အခုလိုပြောပြခဲ့ပါတယ်။

“ညီမအခုလတ်တလောမှာ မေမြို့မှာ ဇာတ်ကားရိုက်ကူးနေပါတယ်။ ပြီးတော့ မန္တလေးမှာ ရန်ပုံငွေပွဲလေး သီချင်းဆိုဖို့ရှိပါတယ်။ နယ်ရှိုးပွဲ တွေဆိုတာ တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ရှိပြီ။ ပရိသတ်တွေလည်း အား ပေးကြပါတယ်။ အခုနောက်ပိုင်း သီချင်းဆိုဖို့ ချိတ်တာများလာတယ်။ အခွေထုတ်ဖို့ထိတော့ မလုပ်နိုင်သေးပါဘူး။ သီချင်းဆိုတာကိုတော့ ဝါသနာပါတယ်လေ။ အနုပညာအလုပ်ဆိုရင် ဘယ်အနုပညာ အလုပ်မဆို ဝါသနာပါပြီးသားပါ။ သရုပ်ဆောင်အလုပ်နဲ့ သီချင်းဆိုတော့ ကွာခြားပါတယ်။ သီချင်းဆိုတာက ဇာတ် သဘင်ပွဲတွေနဲ့ စတိတ်ရှိုးတွေမှာဆိုရတယ်လေ။ ည၁နာရီ၊ ၂နာ ရီလောက်ထိ သီဆိုရတယ်။ အနုပညာအလုပ်က လွယ်ကူတယ်ဆိုတာကို မရှိတာ။ ဘယ်အလုပ်မဆို ခက်ခဲ တယ်”လို့ ပြောပါတယ်။

အခုနောက်ပိုင်း သရုပ်ဆောင်အသစ်တွေများလာ တာကို ကြိုဆိုနေတဲ့ ယွန်းရွှေရည်က အနုပညာအလုပ် ကို ဖြတ်လျှောက်ဘဝကနေစခဲ့တာ ဖြစ်တဲ့အတွက် ကြိုးစားဖို့လိုကြောင်းကိုတော့ ..

“အခုနောက်ပိုင်းမှာ သရုပ်ဆောင်တွေလည်း အရမ်းများလာတယ်။ ကြိုဆိုပါတယ်။ အရေးကြီးတာက ကိုယ်လုပ်တဲ့အလုပ်ကို တန်ဖိုးထားပြီးတော့ ကိုယ်ဘာဖြစ် ချင်လဲ၊ ကိုယ်ဖြစ်ချင်တဲ့အလုပ်၊ ဒီအနုပညာအလုပ်မှာ ပေါက်မြှောက်အောင် လုပ်စေချင်တယ်။ ညီမ အနုပညာ သက်တမ်း၈နှစ်ကျော်ရှိနေပြီ။ ညီမဆိုလည်း ဖြတ် လျှောက်ဘဝကနေစတာလေ။ ညီမတို့က ဒီလိုဘဝက နေ တက်လာရတဲ့အတွက် အဲဒီအတွက် ညီမမှာ အခုချိန်ထိ ပြည့်စုံလုံလောက်တဲ့ အနုပညာနဲ့ ပတ်သက်တဲ့ပညာတွေက မလုံလောက်သေးဘူး။ အနုပညာဆိုတာ ရှာဖွေလေ တွေ့ရှိလေပဲဆိုတဲ့အတိုင်းပါပဲ။ အခုက အသစ်တွေလည်း အများကြီးပေါ်လာပြီး၊ ကိုယ်တွေလည်း အသက်အရွယ် ရလာပြီ။ နေရာဆိုတာကတော့ ညီမတို့ အနုပညာရှင်တွေက မျက်နှာထားနဲ့ အလုပ်လုပ်စားရတဲ့လူတွေဆိုတော့ ကိုယ့် အသက်အရွယ်ပိုင်းခြားမှာ ရရှိတဲ့အခွင့်အရေးလေးတွေကို အကောင်းဆုံးကြိုးစားနေတယ်”လို့ ဆိုပါတယ်။

သရုပ်ဆောင်ယွန်းရွှေရည်က ဗီဒီယိုဇာတ်ကားတွေအပြင် သူမပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရှိပေမယ့် ရုံတင်ပြသဖို့ အချိန်စောင့်နေရကြောင်း သိရပါတယ်။

ချယ်ရီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071