
ဇာတ်ကား ရိုက်ကူးလာတဲ့ တစ်လျှောက် ဒါရိုက်တာ ရွေးချယ်ပေး တဲ့ ကာရိုက်တာတွေကို ရိုက်ကူးခဲ့သူ Sridevi ကသူမရဲ့ဇာတ်ကား ရွေးချယ်မှုတွေ ပတ်သက်ပြီး “စိန်ခေါ်မှု တစ်ခုပါဝင်တဲ့ ကာရိုက်တာတွေ ကို အမြဲ စိတ်ဝင်တစား လက်ခံခဲ့ပါတယ်။ ဇာတ်ကားတစ်ကားကို လက်ခံလိုက်ပြီဆိုတာက ကျွန်မရဲ့ရွေးချယ်မှု မဟုတ်ပါဘူး။ အခွင့် အရေးကို လက်ခံ လိုက်တာပါ။ ရိုက်ကူးခဲ့သမျှ အားလုံး ကလည်း အခုလိုပါပဲ။ စီစဉ်ထားတာမရှိဘဲ ရိုက်ကူး ခဲ့တာချည်းပဲ။ ဒါရိုက်တာက ကျွန်မရိုက်ကူးဖို့ ရွေးချယ်လိုက်တဲ့ ဇာတ်ကားကို ကျွန်မ ငြင်း ပယ်ဖို့ မရှိပါဘူး”လို့ ပြောပြခဲ့ပါတယ်။ မင်းသမီးက အခုတော့ အမေခန်း တွေမှာ ပါဝင်သရုပ်ဆောင်နေ ပြီး ပရိသတ်တွေကလည်း လက်ခံအားပေး ကြိုက် နှစ်သက်ကြပါတယ်။
