Tuesday, December 16, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsဇာတ်ကားတစ်ကားရိုက်ကူးရင် ဇာတ်ကောင်စရိုက်ဘယ်လိုပီပြင်အောင် လုပ်မလဲစဉ်းစားတယ်...

ဇာတ်ကားတစ်ကားရိုက်ကူးရင် ဇာတ်ကောင်စရိုက်ဘယ်လိုပီပြင်အောင် လုပ်မလဲစဉ်းစားတယ် ပိုင်ဖြိုးသု

အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုး သုက ဘယ်လိုကာရိုက်တာမျိုး၊ ဇာတ်ကောင်မျိုးကိုမဆို ပီပြင်စွာ သရုပ်ဆောင် နိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်နဲ့ပတ်သက်ရင် အမြဲကြိုးစားလေ့လာပြင်ဆင်တတ်တဲ့သူမက  ဒီ၂ဝ၁၈ ခုနှစ်မှာထဲမှာလည်း…

“သုဒီနှစ်ထဲမှာ ပိုပြီးကြိုးစားသွားမှာပါ။ အဓိက က ဇာတ်ကောင်ကာရိုက်တာပေါ့နော်။ ဇာတ်ကား တစ်ကား ရိုက်တော့မယ်ဆိုရင် များသောအားဖြင့် သူ့ဇာတ် ကောင်စရိုက်ကို ဘယ်လိုပီပြင်အောင်လုပ်မလဲစဉ်း စားတယ်။ ဒီနှစ်ထဲမှာလည်း အဲဒီအပိုင်းလေးကို   အဘက်ဘက်ကနေလိုက်ပြီးတော့ပိုစဉ်းစားမယ်၊ ပိုပြီး ပြင်ဆင်မယ်လို့ ဆုံးဖြတ်ထားတယ်”လို့ ပိုင်ဖြိုးသုက ပြောပါတယ်။

အခုချိန်ထိတော့ ဒရာမာဇာတ်ကား တွေပဲရိုက်ကူးတာများနေပြီး သူမအနေနဲ့က ဇာတ် ရွေးချယ်လို့ရတဲ့အနေအထားမျိုးမရောက်သေးပါ ဘူးလို့ ဆိုပါတယ်။  “သုကတော့ ဒရာမာပဲ အရိုက်များတယ်ဆို တော့လေ ဒါပေမဲ့ သုတို့အနေအထားကျတော့ ကိုယ်ကရွေးချယ်တယ်ဆိုတာထက် ကိုယ်နဲ့လိုက်ဖက် တယ်ဆိုပြီး ပရိုဂျူဆာတွေဒါရိုက်တာတွေရဲ့ ရွေးချယ်တာကို ခံရတဲ့အချိန်ပေါ့နော်။ အဲဒီလိုဆိုတော့ သူတို့ရွေးပေးတဲ့ အပေါ်မှာပဲ ကိုယ်ကအကောင်းဆုံးကြိုးစားရမှာပေါ့။ ကိုယ်ကဇာတ်ရွေးလို့ရတဲ့အနေအထား မရောက်သေး ဘူးဆိုတော့လေ” လို့ ပိုင်ဖြိုးသုက ပြောပြပါတယ်။ အခု လက်ရှိမှာတော့ ပိုင်ဖြိုးသုက ဒါရိုက်တာစတီးလ်ရိုက် ကူးနေတဲ့ ‘လမ်းပေါ်ကမြွေဟောက်’ ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကားပြီးရင်တော့ ဒါရိုက် တာ အောင်ဇော်လင်း ရိုက်ကူးမယ့် ဇာတ်ကားကို နေတိုး၊ ရဲလေးတို့နဲ့ ရိုက်ကူးမယ်လို့သိရပါတယ်။

ဇင်မာနွယ် 

ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071