Thursday, May 7, 2026

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု...

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း:...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား...

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး...

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ်...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ...

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူများကို ခေါ်ယူလျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။ အဆိုပါသင်တန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊...
HomeArticlesဇာတိမာန်မြေ ရှေးဟောင်း ပခန်းမြေ

ဇာတိမာန်မြေ ရှေးဟောင်း ပခန်းမြေ

အလောင်းစည်သူမင်းမြတ်၏ကောင်းမှုတော်သရက္ခန်ရုပ်ပွား တော်များ၏ သက်တော်သည် နှစ်ပေါင်း ၉ဝဝ ပြည့်မြောက်တော်မူပြီ ဖြစ်သောကြောင့် ပခန်းကြီးဆင်ကြို့ရွှေတန့်တစ်ရှင်မတောင်စသည့် သရက္ခန် ရုပ်ပွားတော်မြတ်နှစ် ၉ဝဝ ပြည့်ဗုဒ္ဓပူဇနိယပွဲတော်များဆင် ယင်ကျင်းပတော့မည်ဖြစ်ပါသည်။

သရက္ခန်ရုပ်ပွားတော်မြတ်နှင့် မြတ်ပေါင်းမဉ္စူမြတ်စွာကိန်းဝပ်ရာပခန်းကြီးမြို့ဟောင်းသည် လေ့လာစရာသမိုင်းအမွေအနှစ်များ စွာရှိပါသည်။ ပခန်းကြီးမြို့ဟောင်းသည် လေးရာပြုဆန်း-မြို့ကူးခန်း-ပခန်းခေါ်တစ်ထွေ-ဆိုသလိုရှေးမင်းများလက်ထက်က စစ်သည်ရဲမက် ၄ဝဝ စုဆောင်း ပေးရသောမြို့စား မင်းစိုးစံအုပ်ချုပ်ရသောမြို့ကြီး ဖြစ်ပေသည်။ ယခုခေတ်စည်ကားနေသော ပခုက္ကူမြို့သည်ကား ရွာ ငယ်သာသာဖြစ်သည်။ ပခန်းကြီးမြို့ဟောင်းသည် သာသနာသက္ကရာဇ် ၃၆ ကပင် ဓနုသီဟမင်းစိုးစံသောမြို့ ဟုသမိုင်းများက ဆိုပါသည်။ပုဂံခေတ်တွင် သိန်းခိုမင်းလက်ထက် (သက္ကရာဇ်၂၇၇)မင်းစည်သူနှင့် မင်းကျော်စွာ ညီနောင်နှစ်ပါးသည် တောင်သုံးလုံးမြေကို ညှိလျက်မြို့ တည်ရာကုခန္ဇ(တူးခြင်း-ညှိခြင်း)အနက်ကိုယူကာ ကူးခန်းဟုသမုတ် ခေါ်ဆိုကြသည်။ နရပတိစည်သူ မင်းလက်ထက် (သက္ကရာဇ်၅၃၆)တွင် ပခန်းအရပ်မှ သူပုန်ထရာ တိုက်ခိုက်နှိမ်နှင်းပြီး သူပုန်များပစေခန်း စေဟူသောရည်ရွယ်ချက်ဖြင့် အတိတ်ကောင်း နိမိတ်ကောင်းဖြင့် ပခန်းဟု အမည်တွင်စေခဲ့ပါသည်။ တစ်ဖန် ဟံသာဝတီ မင်းလက် ထက် ပခန်းမြို့ရိုးကိုနိမ့်ချည်မြင့်ချည်အကွက် ကျကျတည်ဆောက်၍ပခန္နဟူသောသဒ္ဒါအရပခန်းဟုတွင်ခဲ့ကြောင်း ဆိုကြသည်။ ပခန်းသည် သူ့ဂုဏ်သူ့သိန် သူ့အရှိန်နှင့် မြန်မာ့သမိုင်းတစ်လျှောက်ထွန်း တောက်ထည်ဝါခဲ့ပါသည်။ ပခန်းဒေသသည်ရှေးမင်းအ ဆက်ဆက် စိုးစံရာ ကောင်းမှုပြုရာနေရာမြတ်ဖြစ်သလို သိကြားမင်းဆက်သသည့် သရက္ခန်ရုပ်ပွားတော်မြတ်များ ကိန်းဝပ်စံပျော်ရာ အောင်မြေဒေသထူး လည်းဖြစ်ပါသည်။ ပခန်းတွင်အထင်ရှားဆုံးမှာ အလောင်းစည်သူ မင်းမြတ် တည်ထားကိုးကွယ်ခဲ့သော ပခန်းစည်သူရှင် သရက္ခန်မြတ်စွာ ဘုရား ဖြစ်ပါသည်။ နောင်မင်းအဆက်ဆက်ကလည်း ပခန်းစည်သူရှင် ကို ဦးခိုက်ပြုပြင် တည်ထားကိုးကွယ်ခဲ့ကြသည်။ မြို့အလယ် ပခန်းစည် သူရှင်မှသည် အနောက်မြောက်ယွန်းယွန်း တစ်နေရာဝယ် ပခန်း ကျောင်းတော်ကြီးရှိပါသည်။ သုံးဆင့်လည်ပေါ်မိုးပြာသာဒ် -ဘုရား ဆောင်-ဘောဂဆောင်-ကျက်သရေခန်းဆောင်-စင်္ကြံလမ်း အသွယ် သွယ်-ပန်းနွယ်ပန်းဆိုင်း-နရားဆိုင်း-နရားကြွ-စာမရီပန်းအလှတွေနှင့် မြိုင်လှသည့်ကျောင်းတော်ကြီး ဖြစ်ပါသည်။ သန်လျက်ကိုင်-သားမြီး ယပ်ကိုင်-နတ်ရုပ်-ဘီလူးရုပ်-တို့က လည်းတံခါးရွက်တိုင်ဝယ် စောင့် ကြပ်နေပုံတို့မှာ လွန်စွာအသက်ဝင်လှပါသည်။ ကြီးကျယ်တုတ်ခိုင် တိုင်လုံးကြီးများနှင့် တည်ဆောက်ထားသော ကျောင်းတော်ကြီး၏ ကောင်းမှုရှင်မှာ ကျီဝန်မင်းဦးဖိုးတုတ် ဖြစ်ပေသည်။ ဆင်များဖြင့်တည် ဆောက်ရသောကြောင့် ပခန်းကျောင်းတော်ကြီးအနီး ဆင်သင်္ချိုင်း အထိမ်းအမှတ်ကိုလည်း တွေ့မြင်ရပေမည်။

ပခန်းကြီးမြို့ဟောင်း အရှေ့မြောက်ယွန်းသော် ချင်းတွင်းမြစ် ကမ်းဘေး ချစ်သူရွာအနီး ပခန်းမင်းကြီးဦးရန်ဝေး၏ ကျောင်းကြီးလည်း ရှိပါသည်။ ကျောင်းကြီး၏ကြီးကျယ်ပုံမှာ ၃၃၂ တိုင်ဖြင့်တည် ဆောက် ထားရာပခန်းကြီးကျောင်း ထက်တိုင်လုံးရေ ၇၈ တိုင်ပိုပေသည်။ တိုင် တစ်တိုင်လုံးပတ်မှာ (၆ပေ x ၄ပေ)တိုင်အရှည်မှာ ပေ ၈ဝ ထိရှိပြီး လှေကားကြီး ၈ စင်းကလည်း ထုထည်ကြီးမားလှပါသည်။ ပခန်းငယ် ကျောင်းတော်ကြီးအား သက္ကရာဇ် ၁၂၁၂ မှ စတင်တည်ဆောက်ပြီး အနုသုခုမ ပန်းပုလက်ရာများနှင့် ၄ နှစ်ကြာမှ ပြီးစီးလေသည်။ ပခန်း မင်းကြီး ဦးရန်ဝေးသည် မင်းတုန်းမင်း၏ ငယ်ဆရာပထမဦးဆုံး လွှတ် တော်ဥက္ကဋ္ဌလည်းဖြစ်ပါသည်။ တော်တည့်ဖြောင့်မတ်မှန်ကန်သော ဝန်ကြီး လည်း ဖြစ်ရာဘုရင်မှူးမတ် အပေါင်းက လေးစားချစ်ကြောက် ရိုသေရသော သေနတ်ဝန်မင်းကြီးဖြစ်ကာ ဘုရင်ကပွဲတော်အုပ်ည နံနက်ပို့ပေးစေတော်မူသောပခန်း သားဝန်ကြီးဟု သမိုင်းမော်ကွန်း တင်ခဲ့ပါသည်။ ပခန်း၏မြောက်သွားသော် နာမည်ကျော်ရွှေဥမင်တောရ ကျောင်းတည်ရှိပါသည်။ ဘုရင်ကိုးကွယ်သည့် တောင်ဖီလာဆရာတော် လေးစားကြည်ညိုရသော တောရဆရာတော်လည်းဖြစ်သည်။ ဘာသာ ရေးကျမ်းပေါင်းများစွာ ပြုစုခဲ့ပြီး ဆရာတော် မိန့်ကြားသောကြောက်၍ တစ်ပါးတည်းနေပါသည်ဟူသော စကားသည် သမိုင်းတွင်နေဆဲဟု ဆိုရပါမည်။ ကိုလိုနီခေတ်တွင် ခရစ်ယာန်ပညာရေးများ အားကောင်း နေချိန်ပခန်းနယ်၏ ဗုဒ္ဓဘာသာကျောင်းဟုဆိုရမည့်ခဲလူ ကျောင်းသည် လည်း ပခန်းကြီး မြို့ဟောင်းရောက်လျှင် လေ့လာစရာနေရာတစ်ခု ဖြစ်ပါသည်။ ပခန်း၏အနောက်တောင် အရပ်တွင်တည်ရှိပြီး ဆရာတော်ဦး ပညာဇောတက သက္ကရာဇ် ၁၉ဝဝ ပြည့်နှစ်က လောကဓာတ်ပညာ လောကုတ္တရာ ပညာရပ်များပါ သင်ကြား ပေးခဲ့သော ကျောင်းတော်ကြီးလည်းဖြစ်ပါသည်။ ခဲလူကျောင်းသည် မူလတန်းမှအထက်တန်းထိ အထက်တန်းအောင်ကျောင်းသား မောင်မယ်များကလည်း ဆရာအတတ်သင် ပညာပါ သင်ကြားပေးခဲ့သည့် ကျောင်းလည်းဖြစ်ပါသည်။ ပခန်းကြီးမှရောက်လျှင် နာမည်ကျော် ပခန်းကိုကြီးကျော်နန်းသို့လည်း သွားရောက်လေ့လာနိုင်ပါသေးသည်။ ပခန်းကိုကြီး ကျော်နန်း သည်ချင်းတွင်းမြစ်ကို ချစ်သူရွာမှစက်လှေစီးကာ ထန်းတောရွာသို့ သွားရသည်။ ထန်းတော ရွာရောက်လျှင် ကိုကြီး ကျော်နန်းကိုရောက်ပေမည်။ ကိုကြီးကျော်နတ်ပွဲသည် တပေါင်းလဆန်း ၁ ရက်မှ လပြည့်နေ့အထိ တစ်နိုင်ငံလုံး လာရောက်ဆင်နွှဲသော နတ်ပွဲတော်ကြီးဖြစ်ပါသည်။ ပခန်းစည်သူရှင်ပွဲတော်သည် သင်္ကြန်တွင်း ကျင်းပပြီး ရေပက်ကစားခြင်းမရှိသော တောင်သူသုံး ဒေသထွက် ပစ္စည်းများရောင်းဝယ်ဖောက်ကားသော ပွဲတော်ကြီးလည်းဖြစ်သည်။ ပခန်းရောက် လျှင် ရှင်မတော်ဘုရား-ဆင်ကြို့ဘုရား-ရွှေတန့်တစ်ဘုရားများကိုလည်း သွားရောက်ဖူးမြော် ကြည်ညိုနိုင်ပါသည်။ ရှေးဟောင်း ယဉ်ကျေးမှုဌာနမှလည်းပခန်းနယ်၏ ရှေးဟောင်းအမွေအနှစ် များစုဆောင်းရာ ပြတိုက်ကြီးသည်လည်း ပခန်းဂုဏ်ကိုဆောင်နေပေသည်။ ပခန်းသားတို့သည် ဇာတိမာန် ထက်သန်လှသည်။ အင်္ဂလိပ်များရေကြောင်းအတိုင်း ဆန်တက်လာစဉ် ပခန်းဝန်ဦး သာမှုံသည် ပခုက္ကူမှ သည်ကွန်းရွာအထိ နယ်ချဲ့များကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ပါသည်။ သို့ဖြစ် ရာ ပခန်းသည် ဇာတိမာန်မြေ-ရှေးဟောင်းမြေဟုဆိုချင်သလို လေ့လာသင့်သော နေရာထူးဖြစ် ပေသည်ဟု ရေးသားလိုက်ရပါသည်။

နေဦးမောင် (ပခုက္ကူ)

Ads Space Available


Continue reading

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်မှတ်တမ်း

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ ပဋိပက္ခသက်တမ်း: နှစ်ပေါင်း ၁၀၀ ကျော် (ကိုလိုနီခေတ် မြေပုံအငြင်းပွားမှုမှ အစပြု)။ သံတမန်ဆက်ဆံရေးသက်တမ်း: ၇၅ နှစ်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု: ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် ထိခိုက်မှု: ကမ္ဘောဒီးယားဘက်မှ ၁ ဦး ‌ေ-သဆုံး။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက် Timeline ကြားဝင်စေ့စပ်မှု ပုံစံများ ၁။ Track I (တရားဝင်လမ်းကြောင်း): ဝန်ကြီးဌာနအချင်းချင်း တိုက်ရိုက်ချိတ်ဆက်ခြင်း။၂။...

ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား လုပ်ငန်းခွင်မတော်တဆမှုကြောင့် ‌ေ-သဆုံး  ၎င်း‌ေ-သဆုံးမှုအတွက် စက်ရုံပိုင်ရှင်ကတာဝန်ယူ ဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍ ‌ေ-သဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။ မခိုင်သဇင်ဝင်းသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ‌ေ-သဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ယနေ့ မေ ၇ ရက်တွင် ကူညီမှုများကိုစတင်ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံပိုင်ရှင်ဖြစ်သူမှလည်း ဖြစ်စဥ်အတွက်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မခိုင်သဇင်ဝင်းသည် မြန်မာနိုင်ငံ၊...

ပြည်ပဝယ်လိုအား မြင့်တက်မှုကြောင့် မြန်မာ့ပဲတီစိမ်း ဈေး ကောင်းရပြီး မန္တလေးဈေးကွက် အရောင်းသွက်

မြန်မာ့ထွက်ကုန် ပဲတီစိမ်းများသည် ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် မန္တလေးဈေးကွက်အတွင်း ဈေးကောင်းများရရှိနေပြီး အရောင်းအဝယ်လည်း သွက်လက်လျက်ရှိကြောင်း ပဲကုန်သည်များထံမှ သိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများမှ ဝယ် လိုအား တိုးလာသဖြင့် ပဲတီစိမ်းဈေးနှုန်းများ မြင့်တက်လာကာ ကုန်စည်ဒိုင်များတွင် အရောင်းအဝယ် ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ မန္တလေးဈေးကွက်အတွင်း ပဲတီစိမ်းအရည်အသွေးကောင်းများမှာ ယခင်ကထက် ဈေးနှုန်းပိုမိုရရှိနေပြီး နယ်စုံမှ ဝင်ရောက်လာသည့် ပဲများလည်း အဝယ်လိုက်လျက်ရှိကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ "ပြည်ပအဝယ်ရှိနေတော့ ပဲတီစိမ်းက ဈေးကောင်းရနေတ ယ်။ အရောင်းအဝယ်လည်း သွက်တယ်။ အရည်အသွေးကောင်းတဲ့ပဲတွေဆို ပိုပြီး အဝယ်လိုက်တယ်" ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071