ဘုရားဖူးပြည်သူများအနေဖြင့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်အား အရုဏ်ဆွမ်းကပ်လှူသည့်ရိုးရာအစဉ်အလာကောင်းကို စဉ်ဆက်မပြတ်ထိန်းသိမ်းပူဇော်လျက်ရှိသည်။
လက်ရှိတွင်လည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အောက်တိုဘာ၆ရက် သီတင်းကျွတ်လပြည့်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်အထိ ၇လတိုင်တိုင် ကျင်းပလျက်ရှိသည်။
အခါကြီးရက်ကြီးများတွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်သို့ လာရောက်ဖူးမြော်သည့် ဘုရားဖူးဧည့်သည်မှာ ပိုမိုများပြားလျက်ရှိပြီး ဘုရားရင်ပြင်တွင်လည်း အရုဏ်ဆွမ်းကပ်လှူသူများနှင့်စည်ကားလျက်ရှိသည်။
