Monday, July 14, 2025

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက်...

ခမာနီတို့၏ နယ်မြေများကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

ဖိနှိပ်မှုဌာနများအဖြစ်မှ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဌာနများအဖြစ် သို့အသွင်ပြောင်းလဲနိုင်ခဲ့ ခြင်းကို ဂုဏ်ပြုသောအားဖြင့် ခမာနီနယ်မြေ သုံးခုကို ယူနက်စ်ကိုက ကမ္ဘာ့အမွေအနှစ် ဒေသများအဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် တနင်္ဂနွေနေ့တွင်...
HomeNewsLocal Newsဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌ တက်ရောက်ရန် ၃...

ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌ တက်ရောက်ရန် ၃ ဘာသာပေါင်းရမှတ်နှင့်လူတွေ့နှုတ်ဖြေမေးစာမေးပွဲတို့၏ ရမှတ်အပေါ်မူတည်၍ အပြီးသတ်ရွေးချယ်မည်

ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌ တက်ရောက်ရန် ၃ ဘာသာပေါင်းရမှတ်နှင့်လူတွေ့နှုတ်ဖြေမေးစာမေးပွဲတို့၏ ရမှတ်အပေါ်မူတည်၍ အပြီးသတ်ရွေးချယ်မည်

၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၌ ဝင်ခွင့်လျှောက် ထားသူများသည် ပဏာမရွေးချယ်ခံရပါက လူတွေ့နှုတ်ဖြေနှင့်စိတ်ပိုင်းဆိုင်ရာဆန်းစစ်ခြင်း(ရေးဖြေ)စာမေးပွဲများဖြေဆိုရမည်ဟု ကျန်းမာရေးဝန် ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိသည့် ၆ ဘာသာရမှတ်ပေါင်းအား အခြေ ခံ၍(အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ) ၃ ဘာသာရမှတ်ပေါင်း အများ/အနည်းပေါ် မူတည်ကာ ပဏာ မရွေးချယ်သွားမည်ဖြစ်သည်။

ပဏာမရွေးချယ်ခံထားရသူများသည် လူတွေ့နှုတ်ဖြေမေးနှင့်စိတ်ပိုင်းဆိုင်ရာဆန်းစစ်ခြင်း(ရေးဖြေ) စာမေးပွဲတို့အား ဖြေဆိုရမည်ဖြစ်ကာ (၃) ဘာသာပေါင်းရမှတ်နှင့်လူတွေ့နှုတ်မေးစာမေးပွဲတို့၏ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ဆေးတ က္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္က သိုလ်များအတွက် ဝင်ခွင့်ရရှိသူများကို အပြီး သတ်ရွေးချယ်သွားမည်ဖြစ်သည်။

ထိုသို့ လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုရမည့် နေ့ရက်နှင့်ခုံအမှတ်များ၊ဖြေဆိုရမည့်နေရာများကို စာမေးပွဲမကျင်းပမီ နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြားတို့တွင် ကြိုတင်အသိပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးခဲ့သည်။

ထို့ပြင် ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ လျှောက်ထားရာတွင် ဝင်ခွင့်မရပါက တက္ကသိုလ်ဝင်ခွင့်ဆုံးရှုံးမှုမဖြစ်စေရန် ဦးစားပေးအစီအစဉ်အတိုင်း ပြည့်စုံစွာဖော်ပြလျှောက်ထားရန်လိုအပ်ပြီး တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်အား သေချာစွာဖတ်ရှု၍ ဝင်ခွင့်လျှောက်ထားရန်လိုမပ်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ဆေးတက္ကသိုလ်(သို့)သွားဘက်ဆိုင်ရာဆေးတ က္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ် ရေးအဖွဲ့မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ဖြင့် သတ်မှတ်ထားသည့် တက္ကသိုလ် ၂၆ ခုသို့ စက်တင်ဘာ ၂ ရက်အထိလျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ လျှောက်ထားရာတွင် သတ်မှတ်ရက်ထက်ကျော်လွန်ပါက ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလှေလှော်အသင်း ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့

မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများ သည် ဇူလိုင် ၁၂ ရက်နှင့် ၁၃ ရက်တို့က စင်ကာပူနိုင်ငံ၌ကျင်းပသည့် စင်ကာပူတာတိုဖလား ကနူး/ကယက်လှေလှော်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ်(၁၀)ခုအပါအဝင် ဆုတံဆိပ်(၁၅)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ဒုတိယနေ့ဖြစ်သည့် ယနေ့ ဇူလိုင် ၁၃ ရက်တွင် မြန်မာ့လက်ရွေးစင်လှေလှော်ကစားသမားများသည် အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးနှစ်ယောက်လှော် အမျိုးသားမီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်တို့ဆွတ်ခူးနိုင်ခဲ့ကြသည်။ ထို့ပြင် Open ကနူးလေးယောက်လှော် အမျိုးသား မီတာ(၅၀၀)ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ Open ကနူးတစ်ယောက်လှော် အမျိုးသားမီတာ(၂၀၀)ပြိုင်ပွဲတွင်...

မြန်မာလူငယ်ကြက်တောင်အသင်း ရွှေတံဆိပ်(၁၂) ခုအပါအဝင် ဆုတံဆိပ်(၂၃)ခုဆွတ်ခူး

ကမ္ဘာဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၂ ရက်အထိကျင်းပခဲ့သည့် အာရှလူငယ်သက်တန်းကြက်တောင်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာလူငယ်ကြက်တောင်အသင်းသည် ရွှေတံဆိပ်(၁၂)ခုအပါအဝင် ဆုတံဆိပ်(၂၃) ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာလူငယ်ကြက်တောင်အသင်းသည် ယူ-၁၅ ၊ ယူ-၁၇ နှင့် ယူ-၂၃ ပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီးနောက် ရွှေတံဆိပ်(၁၂)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၈)ခု(စုစုပေါင်း ၂၃ ခု)ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာလူငယ်ကြက်တောင်အသင်းကစား သမားများဖြစ်သည့် အမျိုးသား(၆)ဦးနှင့် အမျိုး သမီး(၆)ဦးတို့အပါအဝင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အုပ်ချုပ်၊နည်းပြများသည် မ နက်ဖြန် ဇူလိုင် ၁၄ ရက်တွင်...

ကံမမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့ရှိနေအိမ်များအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်နေ

မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ကံမမြို့တွင် နံနက် ၁၁ နာရီခန့်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ကံမမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ရေ ဘေးလွတ်ကင်းရာ ရွှေခရုတောက်ဘုရားတောင်ပေါ်၊ မေဃဝတီဘုန်းတော်ကြီးကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီးကျောင်းတို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင်လည်း နံ နက် ၉...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071