(Unicode)
“ဆေးတက္ကသိုလ်များပြန်လည်ဖွင့်လှစ်ရာတွင် လုံ ခြုံရေးကိစ္စရပ်များအစစအရာရာအဆင်ပြေ ချောမွေ့စေရန် လိုအပ်”ဟုကျန်းမာရေးဝန်ကြီးဌာ န၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းပြောကြား
ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ဆေးတက္ကသိုလ်တွေပြန်ဖွင့်ချိန်မှာ လုံခြုံရေးကိစ္စကို သက်ဆိုင်ရာသင် ကြားရေးဆေးရုံကြီးတွေရဲ့ဆေးရုံအုပ်ကြီးတွေနှင့်ညှိနှိုင်းပေးဖို့ လိုအပ်ကြောင်း ဇန်နဝါရီ ၃ ရက်ကကျင်းပတဲ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးမှာပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“ဆေးတက္ကသိုလ်တွေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေရဲ့ နောက်ဆုံးနှစ်(အမ်ဘီဘီ အက်စ်) အပိုင်း(ခ)(၆/၂၀၁၈)နဲ့နောက်ဆုံးနှစ်(ဘီဒီအက်စ်)(၁/၂၀၁၉) (နောက်ဆက်တွဲ)သင်တန်းတွေကို ပြန် လည်ဖွင့်လှစ်ခဲ့ပြီး အောင်မြင်သူတွေကို အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ချထားပြီးဖြစ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးကပြောပါတယ်။
အလားတူပဲ ဒုတိယနှစ်(အမ်ဘီဘီအက်စ်)(၁/၂၀၁၉)၊တတိယနှစ်(အမ်ဘီဘီအက်စ်)(၆/၂၀၁၉)နဲ့ နောက်ဆုံးနှစ်(အမ်ဘီဘီ အက်စ်)အ ပိုင်း(က)(၆/၂၀၁၉)(နောက်ဆက်တွဲ)သင်တန်းတွေကို ပြန်ဖွင့်ပြီး စာမေးပွဲစစ်ဆေးဖို့စီစဉ်ထားပါတယ်လို့ပြောပါတယ်။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်တွေကို စဉ်ဆက်လေ့ကျင့်မွေးထုတ်နိုင်ရေးအတွက် ဆေးတ က္ကသိုလ်တွေနဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေရဲ့ နောက်ဆုံးနှစ်(ဘွဲ့ကြို)သင်တန်းအားလုံးကို ဇန်နဝါရီ ၆ ရက်နေ့မှာ ပြန်ဖွင့်သွားမှာပါ။
တက္ကသိုလ်တွေပြန်ဖွင့်ရာမှာ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးမထိုးနှံရသေးတဲ့ ကျောင်းသား၊ကျောင်းသူတွေကို ကျောင်းအပ်နှံချိန်မှာ ကာ ကွယ်ဆေးထိုးနှံနိုင်ရေးအတွက် တက္ကသိုလ်အလိုက် သက်ဆိုင်ရာမြို့နယ် ကုသရေး/ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရမယ်လို့ပြောပါတယ်။
“နောက်ဆုံးနှစ်သင်တန်းတွေဟာ ဆေးလက်တွေ့သင်ကြားရေးကိစ္စတွေ ပါဝင်နေတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေနေထိုင်ရေး၊စာသင် ခန်းတွေကောင်းမွန်အောင်ပြင်ဆင်ထားရေးနဲ့လုံ ခြုံရေးကိစ္စရပ်တွေမှာ အစစအရာရာ အဆင်ပြေချောမွေ့စေဖို့အတွက် သက်ဆိုင်ရာသင်ကြားရေးဆေးရုံကြီးတွေက ဆေးရုံအုပ်ကြီးတွေနဲ့ညှိနှိုင်းပေးဖို့ လိုအပ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးကပြောပါတယ်။
ကျောင်းသား၊ကျောင်းသားတွေရဲ့ စာသင်ကြားလိုမှု၊ကျောင်းတက်ရောက်လိုမှုတွေကို တက္ကသိုလ်နဲ့ဆေးရုံတွေမှာရှိတဲ့ သင်ကြားရေးဆရာ၊ဆ ရာမတွေက ဝိုင်းဝန်းပံ့ပိုးကူညီပေးစေလိုပါတယ်လို့ပြောကြားခဲ့ ပါတယ်။
(Zawgyi)
“ေဆးတကၠသိုလ္မ်ားျပန္လည္ဖြင့္လွစ္ရာတြင္ လုံ ၿခဳံေရးကိစၥရပ္မ်ားအစစအရာရာအဆင္ေျပ ေခ်ာေမြ႕ေစရန္ လိုအပ္”ဟုက်န္းမာေရးဝန္ႀကီးဌာ န၊ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းေျပာၾကား
က်န္းမာေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးေဒါက္တာသက္ခိုင္ဝင္းက ေဆးတကၠသိုလ္ေတြျပန္ဖြင့္ခ်ိန္မွာ လုံၿခဳံေရးကိစၥကို သက္ဆိုင္ရာသင္ ၾကားေရးေဆး႐ုံႀကီးေတြရဲ႕ေဆး႐ုံအုပ္ႀကီးေတြႏွင့္ညႇိႏႈိင္းေပးဖို႔ လိုအပ္ေၾကာင္း ဇန္နဝါရီ ၃ ရက္ကက်င္းပတဲ့ ေတြ႕ဆုံညႇိႏႈိင္းအစည္းအေဝးမွာေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။
“ေဆးတကၠသိုလ္ေတြနဲ႔ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္ေတြရဲ႕ ေနာက္ဆုံးႏွစ္(အမ္ဘီဘီ အက္စ္) အပိုင္း(ခ)(၆/၂၀၁၈)နဲ႔ေနာက္ဆုံးႏွစ္(ဘီဒီအက္စ္)(၁/၂၀၁၉) (ေနာက္ဆက္တြဲ)သင္တန္းေတြကို ျပန္ လည္ဖြင့္လွစ္ခဲ့ၿပီး ေအာင္ျမင္သူေတြကို အလုပ္သင္ဆရာဝန္အျဖစ္ တာဝန္ခ်ထားၿပီးျဖစ္ပါတယ္”ဟုျပည္ေထာင္စုဝန္ႀကီးကေျပာပါတယ္။
အလားတူပဲ ဒုတိယႏွစ္(အမ္ဘီဘီအက္စ္)(၁/၂၀၁၉)၊တတိယႏွစ္(အမ္ဘီဘီအက္စ္)(၆/၂၀၁၉)နဲ႔ ေနာက္ဆုံးႏွစ္(အမ္ဘီဘီ အက္စ္)အ ပိုင္း(က)(၆/၂၀၁၉)(ေနာက္ဆက္တြဲ)သင္တန္းေတြကို ျပန္ဖြင့္ၿပီး စာေမးပြဲစစ္ေဆးဖို႔စီစဥ္ထားပါတယ္လို႔ေျပာပါတယ္။
က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ေတြကို စဥ္ဆက္ေလ့က်င့္ေမြးထုတ္ႏိုင္ေရးအတြက္ ေဆးတ ကၠသိုလ္ေတြနဲ႔ ေဆးပညာႏွီးႏႊယ္တကၠသိုလ္ေတြရဲ႕ ေနာက္ဆုံးႏွစ္(ဘြဲ႕ႀကိဳ)သင္တန္းအားလုံးကို ဇန္နဝါရီ ၆ ရက္ေန႔မွာ ျပန္ဖြင့္သြားမွာပါ။
တကၠသိုလ္ေတြျပန္ဖြင့္ရာမွာ ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးမထိုးႏွံရေသးတဲ့ ေက်ာင္းသား၊ေက်ာင္းသူေတြကို ေက်ာင္းအပ္ႏွံခ်ိန္မွာ ကာ ကြယ္ေဆးထိုးႏွံႏိုင္ေရးအတြက္ တကၠသိုလ္အလိုက္ သက္ဆိုင္ရာၿမိဳ႕နယ္ ကုသေရး/ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမႉးေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေပးရမယ္လို႔ေျပာပါတယ္။
“ေနာက္ဆုံးႏွစ္သင္တန္းေတြဟာ ေဆးလက္ေတြ႕သင္ၾကားေရးကိစၥေတြ ပါဝင္ေနတဲ့အတြက္ ေက်ာင္းသား၊ေက်ာင္းသူေတြေနထိုင္ေရး၊စာသင္ ခန္းေတြေကာင္းမြန္ေအာင္ျပင္ဆင္ထားေရးနဲ႔လုံ ၿခဳံေရးကိစၥရပ္ေတြမွာ အစစအရာရာ အဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ သက္ဆိုင္ရာသင္ၾကားေရးေဆး႐ုံႀကီးေတြက ေဆး႐ုံအုပ္ႀကီးေတြနဲ႔ညႇိႏႈိင္းေပးဖို႔ လိုအပ္ပါတယ္”ဟုျပည္ေထာင္စုဝန္ႀကီးကေျပာပါတယ္။
ေက်ာင္းသား၊ေက်ာင္းသားေတြရဲ႕ စာသင္ၾကားလိုမႈ၊ေက်ာင္းတက္ေရာက္လိုမႈေတြကို တကၠသိုလ္နဲ႔ေဆး႐ုံေတြမွာရွိတဲ့ သင္ၾကားေရးဆရာ၊ဆ ရာမေတြက ဝိုင္းဝန္းပံ့ပိုးကူညီေပးေစလိုပါတယ္လို႔ေျပာၾကားခဲ့ ပါတယ္။
