Wednesday, January 22, 2025

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ...

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်...

ဘာလီ၌မြေပြို၍ လူ ၅ ဦး‌ေ-သဆုံး

ဂျကာတာ၊ဇန်နဝါရီ ၂၀ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တနင်္လာနေ့က မြေပြိုရာ ဆောက်လုပ်ရေးလုပ်သား ငါးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ပြောကြားခဲ့သည်။ ကနဦးထုတ်ပြန်ချက်အရ အဆိုပါအလုပ်သမားများနေထိုင်ရာနေရာ၌ မြေပြိုခဲ့ကြောင်းသိရသည်။မြေပြိုမှု၌ အလုပ်သမားသုံးဦးမှာ လွတ်မြောက်ခဲ့ပြီး...

ကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဓါတ်ငွေ့ တစ်တန် ထုတ်လွှတ်လျှင် ဘတ် ၂၀၀ ကာဗွန်ခွန် စည်းကြပ် ကောက်ခံ ရန်...

ငွေလိမ်ဂိုဏ်းများအမြစ်ပြတ်နှိမ်နင်းရန် တရုတ်၊ မြန်မာနှင့် ထိုင်း...

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ ရက်ကကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး၌ အွန်လိုင်းငွေလိမ်ဂိုဏ်းမျာကို အမြစ်ပြတ်နှိမ်နင်းသွားရေးအတွက် တရုတ်၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ...
HomeNewsLocal Newsဆေးခန်းအချို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးအတုများထိုးနှံပေးနေ၍...

ဆေးခန်းအချို့၌ ကိုဗစ်(၁၉)ရောဂါကာကွယ် ဆေးအတုများထိုးနှံပေးနေ၍ ရှောင်ရှားကြရန် FDA သတိပေး

ဆေးခန်းအချို့နှင့် Online Clinic များတွင် အများပြည်သူများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအတုများထိုးနှံပေးနေသဖြင့် သတိပြုရှောင်ရှားကြရန် ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ကသတိပေးခဲ့သည်။

ဆေးခန်းအချို့နှင့် Online Clinic များသည် လူမှုကွန်ယက်စာမျက်နှာများမှတဆင့် တရားမဝင်တင်သွင်းသည့် Moderna COVID-19 Bivalent Original and Omicron BA4/ BA5 ကာကွယ်ဆေးနှင့် Lot No. AS7185B (Exp; Date 04July2023) ၊ Lot No. AS7144B, (Exp: Date 12May2023) ကာကွယ်ဆေးအတုများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဝါးများဘေး အန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့်အရည်အသွေး၊ အကျိုးအာနိသင်ထိရောက်မှုရှိစေရန် ဆေးဝါး မှတ်ပုံတင်ခြင်း၊ထုတ်လုပ်ခြင်း၊တင်သွင်းခြင်းလုပ်ငန်းများကို စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် Myanmar FDA Registration No. ပါရှိသည့် ဆေးဝါးများကိုသာသုံးစွဲကြရန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ခဲ့သည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနသည် အများပြည်သူ ရောဂါဘယဖြစ်ပွားမှုကင်းဝေးစေရန်၊ဘေး အန္တရာယ်ကင်းရှင်းပြီး အရည်အသွေး၊အာနိသင်ထိရောက်မှုရှိသော ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိ၍ ပြည်နယ်/တိုင်းဒေသကြီးများအတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ထိုးနှံပေးနေသော ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများကိုသွားရောက်ထိုးနှံရန် အသိပေးနှိုးဆော်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ – အိန္ဒိယ လက်မှတ်ရေးထိုး

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Shri Ashish Sharma တို့သည် လူမှုအခြေပြု အခြေခံအဆောက်အအုံများကို အထူးအာရုံစိုက်မှုဖြင့် ကျွမ်းကျင်မှုဆိုင်ရာ ဆောင်ရွက်ချက်များဖြင့် ချိတ်ဆက်၍ ကျား၊ မဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်ရေး နှင့် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခြင်းခံရသောသူများ၏ ကဏ္ဍများကိုပံ့ပိုးကူညီရန်ရည်ရွယ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းများထဲမှနှစ်ခုတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး...

ဘာလီ၌မြေပြို၍ လူ ၅ ဦး‌ေ-သဆုံး

ဂျကာတာ၊ဇန်နဝါရီ ၂၀ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် တနင်္လာနေ့က မြေပြိုရာ ဆောက်လုပ်ရေးလုပ်သား ငါးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဒေသဆိုင်ရာမီဒီယာသို့ပြောကြားခဲ့သည်။ ကနဦးထုတ်ပြန်ချက်အရ အဆိုပါအလုပ်သမားများနေထိုင်ရာနေရာ၌ မြေပြိုခဲ့ကြောင်းသိရသည်။မြေပြိုမှု၌ အလုပ်သမားသုံးဦးမှာ လွတ်မြောက်ခဲ့ပြီး ယခုအခါ ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။ မြေပြိုရာတွင် အဆောက်အအုံများကို ဖုံးသွားသဖြင့် ‌ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများကို ပြန်ထုတ်ယူနိုင်ရန် မြေတူးစက်များဖြင့် အသုံးပြုရှာဖွေနေရသည်ဟုလည်း အာဏာပိုင်များကထုတ်ပြန်ကြေငြာခဲ့သည်။ လက်ရှိအချိန်အထိ မြေပြိုမှုဖြစ်ရသည့်အကြောင်းအရင်းအား ခိုင်ခိုင်လုံလုံမသိရသေးသော်လည်း ‌ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများအား မည်သူမည်ဝါသိနိုင်ရန်အတွက် နီးစပ်ရာဆေးရုံများသို့ပို့‌ဆောင်ထားသည်ဟုလည်းသိရသည်။ အင်ဒိုနီးရှားသည် မိုးရာသီကာလအတွင်း သဘာဝဘေးအဖြစ်များလေ့ရှိပြီး နိုင်ငံ၏အလယ်ပိုင်း၌လည်း လက်ရှိအချိန်အထိ မြေပြိုမှုကြောင့်‌ေ-သဆုံးသူ ၁၈ ဦးရှိလာနေပြီဟုသိရသည်။ Source : ရှင်းဟွာ

ကာဗွန်အခွန်စည်းကြပ်မည့် ကိစ္စ ထိုင်းအစိုးရ အတည်ပြု

ထိုင်းနိုင်ငံသည် ဖန်လုံအိမ်ဓါတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကာဗွန်ဓါတ်ငွေ့ တစ်တန် ထုတ်လွှတ်လျှင် ဘတ် ၂၀၀ ကာဗွန်ခွန် စည်းကြပ် ကောက်ခံ ရန် အင်္ဂါနေ့တွင် အစိုးရအဖွဲ့က သဘောတူလိုက်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Paopoom Rojanasakul က ပြောကြားသည်။ သို့သော်လည်း လက်ရှိ ရေနံအခွန်တွင် ပါဝင်လာမည်ဖြစ်သော အခွန်ကောက်ခံမှုသည် ရေနံနှင့် ရေနံထွက်ကုန်များ၏ လက်လီဈေးနှုန်းကို ထိခိုက်မည်မဟုတ်ကြောင်း မစ္စတာ Paopoom က ပြောကြားခဲ့သည်။ ကာဗွန်ဈေးနှုန်းသတ်မှတ်ခြင်းသည် စက်မှုကဏ္ဍ၏ ကုန်ကျစရိတ်ကို ထိခိုက်မည်မဟုတ်သကဲ့သို့ လောင်စာဆီ ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071