(Unicode)
ဆောင်းရာသီမှာ စစ်ကိုင်းအတွင်း နေကြာဧက သုံးသိန်းကျော်စိုက်ဖို့လျာထား
စစ်ကိုင်းတိုင်းအတွင်းက ခရိုင် ၁၀ ခုနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုအပါဝင် ၁၁ နေရာမှာ ဆောင်းရာသီအတွင်း နေကြာ ၃၁၇၈၉၄ ဧကစိုက် ပျိုးနိုင်ဖို့အတွက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက လျာထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းခရိုင်မှာ ၆ဝ၁၃၂ ဧက၊ယင်းမာပင်ခရိုင်မှာ ၇၉၆၉၉ ဧက၊ရွှေဘိုခရိုင်မှာ ၂ဝဝ၄၃ ဧက၊ကန့်ဘလူခရိုင်မှာ ဧက ၄၅၂ဝ၊ကသာခရိုင်မှာ ၄၅၉၈၇ ဧက၊ကလေးခရိုင်မှာ ၆၇၉၈၅ ဧက၊တမူးခရိုင်မှာ ဧက ၂၇ဝဝ၊မော်လိုက်ခရိုင်မှာ ၇၁၇၁ ဧ က၊ခန္တီးခရိုင်မှာ ဧက ၄၇ဝ၊နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ၄၇ ဧကနဲ့မုံရွာခရိုင်မှာ ၂၉၁၄ဝ ဧ က(စုစုပေါင်း ၃၁၇၈၉၄ ဧက)ကို စိုက်ပျိုးဖို့လျာ ထားပါတယ်။
“နေကြာကို မိုးရာသီမှာသိပ်မစိုက်ဘူး စိုက်တဲ့သူနည်းတယ် ဆောင်းရာသီမှာပဲ အဓိကထားပြီးစိုက်ပျိုးတာပါ နေကြာဆီထုတ်ဖို့အတွက်စိုက်တာများတယ် တစ်ဧကကို တင်း ၃၀ လောက်ထွက်တယ်”လို့ နေကြာစိုက်တောင်သူဦးဝင်းညွှန့်ကပြောပါတယ်။
လက်ရှိမှာ နေကြာစိုက်တောင်သူတွေကို စိုက်ပျိုးရေးဦးစီးဌာနက နေကြာအထွက်နှုန်းကောင်းဖို့ GAP နည်းစနစ်နဲ့စိုက်ပျိုးဖို့ မျိုးကောင်းမျိုးသန့်တွေပြောင်းလဲစိုက်ပျိုးဖို့တွေကို အသိပညာပေး လုပ်ငန်းတွေလုပ်ဆောင်ပေးနေကြပါတယ်။
(Zawgyi)
ေဆာင္းရာသီမွာ စစ္ကိုင္းအတြင္း ေနၾကာဧက သုံးသိန္းေက်ာ္စိုက္ဖို႔လ်ာထား
စစ္ကိုင္းတိုင္းအတြင္းက ခ႐ိုင္ ၁၀ ခုနဲ႔ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတစ္ခုအပါဝင္ ၁၁ ေနရာမွာ ေဆာင္းရာသီအတြင္း ေနၾကာ ၃၁၇၈၉၄ ဧကစိုက္ ပ်ိဳးႏိုင္ဖို႔အတြက္ တိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာနက လ်ာထားတယ္လို႔ သိရပါတယ္။
စစ္ကိုင္းခ႐ိုင္မွာ ၆ဝ၁၃၂ ဧက၊ယင္းမာပင္ခ႐ိုင္မွာ ၇၉၆၉၉ ဧက၊ေ႐ႊဘိုခ႐ိုင္မွာ ၂ဝဝ၄၃ ဧက၊ကန႔္ဘလူခ႐ိုင္မွာ ဧက ၄၅၂ဝ၊ကသာခ႐ိုင္မွာ ၄၅၉၈၇ ဧက၊ကေလးခ႐ိုင္မွာ ၆၇၉၈၅ ဧက၊တမူးခ႐ိုင္မွာ ဧက ၂၇ဝဝ၊ေမာ္လိုက္ခ႐ိုင္မွာ ၇၁၇၁ ဧ က၊ခႏၲီးခ႐ိုင္မွာ ဧက ၄၇ဝ၊နာဂကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ၄၇ ဧကနဲ႔မုံ႐ြာခ႐ိုင္မွာ ၂၉၁၄ဝ ဧ က(စုစုေပါင္း ၃၁၇၈၉၄ ဧက)ကို စိုက္ပ်ိဳးဖို႔လ်ာ ထားပါတယ္။
“ေနၾကာကို မိုးရာသီမွာသိပ္မစိုက္ဘူး စိုက္တဲ့သူနည္းတယ္ ေဆာင္းရာသီမွာပဲ အဓိကထားၿပီးစိုက္ပ်ိဳးတာပါ ေနၾကာဆီထုတ္ဖို႔အတြက္စိုက္တာမ်ားတယ္ တစ္ဧကကို တင္း ၃၀ ေလာက္ထြက္တယ္”လို႔ ေနၾကာစိုက္ေတာင္သူဦးဝင္းၫႊန္႔ကေျပာပါတယ္။
လက္ရွိမွာ ေနၾကာစိုက္ေတာင္သူေတြကို စိုက္ပ်ိဳးေရးဦးစီးဌာနက ေနၾကာအထြက္ႏႈန္းေကာင္းဖို႔ GAP နည္းစနစ္နဲ႔စိုက္ပ်ိဳးဖို႔ မ်ိဳးေကာင္းမ်ိဳးသန႔္ေတြေျပာင္းလဲစိုက္ပ်ိဳးဖို႔ေတြကို အသိပညာေပး လုပ္ငန္းေတြလုပ္ေဆာင္ေပးေနၾကပါတယ္။