Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeNewsLocal Newsဆောင်းခိုငှက်များကို ဖမ်းဆီးရောင်းချမှုများအား ကြပ်မတ်ရန်လိုအပ်နေ

ဆောင်းခိုငှက်များကို ဖမ်းဆီးရောင်းချမှုများအား ကြပ်မတ်ရန်လိုအပ်နေ

ဆောင်းခိုငှက်များအား တရားမဝင်ဖမ်းဆီးရောင်းချနေမှုများကို ကြပ်မတ်ရန်လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။

လက်ရှိကာလမှာ မြန်မာနိုင်ငံသို့ ဆောင်းခိုငှက်များဝင်ရောက်သည့် ကာလဖြစ်သည့်အတွက် ဆောင်းခိုငှက်များကို ဖမ်းဆီးသ-တ်ဖြတ်ရောင်းချမှုများ မရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုကြခြင်းဖြစ် သည်။

“ဒီကာလမှာ အားလုံးက အခက်အခဲကိုယ်စီရှိနေကြတော့ ငှက်တွေကို ဖမ်းပြီးစျေးမှာရောင်းနေတာမျိုးတွေကို ပိုပြီးတွေ့လာရတယ်။ သူတို့အတွက် ဝမ်းရေးဖြေရှင်းနည်းတစ်မျိုးဖြစ်နေတော့ သူတို့ကိုလည်း အပြစ်ပြောဖို့ခက်တယ်။ ဒါပေမယ့် ဒီဆောင်းခိုငှက်မျိုးစိတ်တွေထဲမှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်တွေလည်းပါနေတော့ ဒါတွေကျတော့ ထိန်းသိမ်းဖို့လိုအပ်တာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလတွေမှာ ငှက်တွေက ပုံမှန်ထက်ပိုများတယ်ဆိုပြီး မဖမ်းကြဖို့အတွက် ကြပ်မတ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့” ဟု သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကထောက်ပြ ပြောဆိုသည်။

ဆောင်းခိုငှက်များသည် ကမ္ဘာ့မြောက်ခြမ်းတွင် ဥဥ၊ သားပေါက်ကြပြီး ဆောင်းရာသီတွင် ၎င်းတို့နေထိုင်ရာနေရာများသည် ရေခဲများ ဖုံးလွှမ်းသွားသောအခါ နေထိုင်ရာနေရာ၊ အစာရေစာများ ရှားပါးလာသောကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်းရှိနေရာများသို့  လာရောက်ဆောင်းခိုနေထိုင်ကြရခြင်းဖြစ်ပြီး ထိုသို့ ကမ္ဘာ့ရွှေ့ပြောင်းငှက်များသည် နှစ်စဉ်ခရီးမိုင်ထောင်ချီ၍ ပျံသန်းကြရကြောင်း ပညာရှင်များကဆိုသည်။

မြန်မာနိုင်ငံတွင် အရှေ့အာရှ- ဩစတြေးလျပျံသန်းရာလမ်းကြောင်းနှင့် အာရှအလယ်ဗဟို ပျံသန်းရာလမ်းကြောင်းတို့မှ နှစ်စဉ်ဆောင်းခိုငှက် မျိုးစိတ်ပေါင်း (၃၀၀) ကျော်လာရောက် ဆောင်းခိုနေထိုင်ကျက်စားလေ့ရှိပြီး အထူးသဖြင့်  မုတ္တမပင်လယ်ကွေ့သို့ နှစ်စဉ်အကောင်ရေ (၃၀၀) ခန့်  လာရောက်ဆောင်းခိုကျက်စားလေ့ရှိသည့်  ရေညှောင့်နှုတ်ဝိုင်းငှက်သည်  ကမ္ဘာပေါ်တွင်  အကောင်ရေ (၅၀၀) ခန့်သာကျန်ရှိနေပြီး စနစ်တကျထိန်းသိမ်းမှုများ မဆောင်ရွက်နိုင်ပါက ဆယ်စုနှစ်တစ်ခုအတွင်း မျိုးသုဉ်းမည့်အန္တရာယ်ကို ရင်ဆိုင်နေရသည့် မျိုးစိတ်တစ်ခုလည်းဖြစ်သည်။

ထို့ပြင် ရေညှောင့်နှုတ်ဝိုင်းငှက်သာမက စာဝါကျားငှက်၊ ပို့ချပ်ခေါင်းစိမ်း စသည့်ငှက်မျိုးစိတ်များလည်း မြန်မာနိုင်ငံတွင် လာရောက်ဆောင်းခိုလေ့ရှိကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ငှက်မျိုးစိတ်စုစုပေါင်း (၁၈,၀၀၀) ခန့်ရှိကာ မြန်မာနိုင်ငံတွင် (၁,၁၃၆)မျိုး တွေ့ရှိရကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) ၏ စာရင်းများအရ သိရသည်။

Photo – MOI

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071