ထိုင်းနိုင်ငံ၊ ခွန်ကဲန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား MoU အလုပ်သမား ကိုထွန်းလင်းအောင်သည် ဇူလိုင် ၁၅ ရက်က လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဥ် ဓာတ်လိုက်ခံရမှုကြောင့် ေ-သဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။
ကိုထွန်းလင်းအောင် ေ-သဆုံးမှုအတွက် နစ်နာကြေးရရှိနိုင်ရန် WAG မဟာမိတ်အဖွဲ့မှ လိုက်ပါကူညီပေးခဲ့ကြသဖြင့် သဂြိုလ်စရိတ်နှင့် နစ်နာကြေးအဖြစ် ဘတ်(၇၇၆,၀၀၀)သိန်းရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ရရှိခဲ့ရာ နစ်နာကြေးငွေအား ေ-သဆုံးသူ၏ မိဘကိုယ်တိုင်လာရောက်ထုတ်ယူရမည်ဖြစ်၍ ကိုထွန်းလင်းအောင်၏ ဖခင်ဖြစ်သူလာရောက်၍ နစ်နာကြေး ပထမအရစ်အဖြစ် ဘတ် (၅၄၆,၅၀၀) သိန်းကို WAG အလုပ်သမားမဟာမိတ်အဖွဲ့အကူအညီဖြင့် ထုတ်ယူခဲ့ကြောင်း သိရသည်။
ကိုထွန်းလင်းအောင် ရရှိသည့်နစ်နာကြေးအား ၂ ကြိမ်ထုတ်ယူရမည်ဖြစ်ရာ ကျန်ရှိသည့် နစ်နာကြေးဘတ် (၂၃၀,၀၀၀) သိန်းကို သတ်မှတ်ရက်၌ ထပ်မံထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
