Saturday, February 8, 2025

၂၀၂၅ ဆီးဂိမ်း ယူ -၂၂...

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့်...

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍...

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို...

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆ သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ...
HomeNewsLocal Newsဆောက်လုပ်ရေးဒုတိယဝန်ကြီး(ဟောင်း)အပါအဝင် ငါးယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်

ဆောက်လုပ်ရေးဒုတိယဝန်ကြီး(ဟောင်း)အပါအဝင် ငါးယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်

(Unicode)

ဆောက်လုပ်ရေးဒုတိယဝန်ကြီး(ဟောင်း)အပါအဝင် ငါးယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး (ဟောင်း)ဦးကျော်လင်း၊ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ဟောင်း) ဦးသန်းဝင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅ နဲ့ ညွှန်ကြားရေးမှူးချုပ်တွေဖြစ်တဲ့ ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နဲ့ဦး‌နေအောင်ရဲမြင့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅/၆၃ တို့နဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ ဒီဇင်ဘာ ၁ ရက်ကအမှုဖွင့်ခဲ့တယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး (ဟောင်း)ဦးကျော်လင်းဟာ ၂၀၂၀ ပြည့်နှစ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်ဆောင်နေစဥ်မှာ လမ်းဖောက်လုပ်ပြင်ဆင်ခဲ့တာတွေကို လမ်းညွှန်မှုနဲ့ လျာ ထားသတ်မှတ်ချက်မရှိတဲ့ လမ်းဦးစီးဌာနရဲ့ပြင်ဆင်ထိန်းသိမ်း‌ရေးရန်ပုံငွေကျပ်သိန်း ၁၂၀၀ ကိုအသုံးပြုပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဥ်းအပိုဒ်-၄၆ နဲ့ အပိုဒ်-၁၂၆ တို့ကိုလိုက်နာခြင်းမရှိဘဲ ဦးအောင်မြင့်ဦး၊ ဦးနေအောင်ရဲမြင့်တို့က ဆောင်ရွက်ပေးခဲ့ကြတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကဖော်ထုတ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။

အလားတူပဲ ဦးကျော်လင်းဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်နေစဥ်မှာလည်း ၂၀၂၀ ပြည့်နှစ်၊ဇူလိုင်လအတွင်း အဆောက်အဦး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးရဲမင်းဇော်ဆီက NLD ပါတီခရိုင်ရုံးဆောက်ဖို့အတွက် ငွေကျပ်သိန်း ၃၀ တောင်းခံခြင်း၊အဆောက်အဥဦးအထူးအဖွဲ့ ၁၆ ဖွဲ့ဆီကအလှူခံခိုင်းလို့ရတဲ့ ငွေကျပ်သိန်း ၃၀ ကိုပေးအပ်စေခြင်းတွေပြုလုပ်ခဲ့သလို ညွှန်ကြားရေးမှူးချုပ်ဦးရဲမင်းဇော်ကလည်း အားပေးကူညီမှုတွေရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင်NLD ပါတီအောင်နိုင်ရေးအတွက် အလှူငွေတွေကို ဦးကျော်လင်းကိုယ်တိုင်နဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိကတဆင့် ဆောက်လုပ်ရေးကုမ္ပဏီတွေဆီက အလှူငွေကျပ် ၃၆၃ သိန်းနဲ့ ဇူလိုင်လနဲ့စက်တင်ဘာလမှာ ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုဆီက ငွေကျပ်သိန်း ၆၀၀ ကိုလက်ခံရယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဆိုပါတယ်။

အလားတူပဲ ပဲခူးတိုင်းအစိုးရအဖွဲ့က စက်မှု၊လျှပ် စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ဟောင်း) ဦးသန်းဝင်းဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပဲခူးမြို့ရှောင်လမ်းပြုပြင်ဆောက်လုပ်ရာမှာ တင်ဒါလက်ခံရေးနဲ့စီစစ်ရေးကော်မတီက ရွေးချယ်ထားတဲ့ အဆိုပြုငွေကျပ် ၁၄၈၁ သန်းကျော်ကို ကုမ္ပဏီကိုမရွေးချယ်ဘဲ သူနဲ့ဆက်စပ်မှုရှိတဲ့ကုမ္ပဏီတစ်ခုကို အဆိုပြုငွေကျပ် ၁၅၁၃ သန်းကျော်နဲ့ရွေးချယ်ပေးခဲ့တဲ့အတွက် နိုင်ငံတော်အတွက် ငွေကျပ် ၃၂ သန်းပိုမိုကုန်ကျခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်လို့ နစက ကထုတ်ပြန်ခဲ့ပါတယ်။

(Zawgyi)

ေဆာက္လုပ္ေရးဒုတိယဝန္ႀကီး(ေဟာင္း)အပါအဝင္ ငါးေယာက္ကို အဂတိလိုက္စားမွုတိုက္ဖ်က္ေရးဥပေဒနဲ႔အမွုဖြင့္

အဂတိလိုက္စားမွုတိုက္ဖ်က္ေရးေကာ္မရွင္က ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီး (ေဟာင္း)ဦးေက်ာ္လင္း၊ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး(ေဟာင္း) ဦးသန္းဝင္းတို႔ကို အဂတိလိုက္စားမွုတိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၅ နဲ႔ ညႊန္ၾကားေရးမွူးခ်ဳပ္ေတြျဖစ္တဲ့ ဦးေအာင္ျမင့္ဦး၊ ဦးရဲမင္းေဇာ္နဲ႔ဦး‌ေနေအာင္ရဲျမင့္တို႔ကို အဂတိလိုက္စားမွုတိုက္ဖ်က္ေရးဥပေဒပုဒ္မ-၅၅/၆၃ တို႔နဲ႔ သက္ဆိုင္ရာရဲစခန္းေတြမွာ ဒီဇင္ဘာ ၁ ရက္ကအမွုဖြင့္ခဲ့တယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီး (ေဟာင္း)ဦးေက်ာ္လင္းဟာ ၂၀၂၀ ျပည့္ႏွစ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔လုပ္ေဆာင္ေနစဥ္မွာ လမ္းေဖာက္လုပ္ျပင္ဆင္ခဲ့တာေတြကို လမ္းညႊန္မွုနဲ႔ လ်ာ ထားသတ္မွတ္ခ်က္မရွိတဲ့ လမ္းဦးစီးဌာနရဲ့ျပင္ဆင္ထိန္းသိမ္း‌ေရးရန္ပုံေငြက်ပ္သိန္း ၁၂၀၀ ကိုအသုံးျပဳၿပီး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနရဲ့ ျမန္မာနိုင္ငံရဲ့ဘ႑ာေရးစီမံခန့္ခြဲမွုဆိုင္ရာ စည္းမ်ဥ္းအပိုဒ္-၄၆ နဲ႔ အပိုဒ္-၁၂၆ တို႔ကိုလိုက္နာျခင္းမရွိဘဲ ဦးေအာင္ျမင့္ဦး၊ ဦးေနေအာင္ရဲျမင့္တို႔က ေဆာင္ရြက္ေပးခဲ့ၾကတယ္လို႔ အဂတိလိုက္စားမွုတိုက္ဖ်က္ေရးေကာ္မရွင္ရဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကေဖာ္ထုတ္ရရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္ထဲေဖာ္ျပပါတယ္။

အလားတူပဲ ဦးေက်ာ္လင္းဟာ ေဆာက္လုပ္ေရးဝန္ႀကီးဌာနရဲ့ ဒုတိယဝန္ႀကီးတာဝန္ထမ္းေဆာင္ေနစဥ္မွာလည္း ၂၀၂၀ ျပည့္ႏွစ္၊ဇူလိုင္လအတြင္း အေဆာက္အဦး ဦးစီးဌာနညႊန္ၾကားေရးမွူးခ်ဳပ္ဦးရဲမင္းေဇာ္ဆီက NLD ပါတီခရိုင္႐ုံးေဆာက္ဖို႔အတြက္ ေငြက်ပ္သိန္း ၃၀ ေတာင္းခံျခင္း၊အေဆာက္အဥဦးအထူးအဖြဲ႕ ၁၆ ဖြဲ႕ဆီကအလွူခံခိုင္းလို႔ရတဲ့ ေငြက်ပ္သိန္း ၃၀ ကိုေပးအပ္ေစျခင္းေတြျပဳလုပ္ခဲ့သလို ညႊန္ၾကားေရးမွူးခ်ဳပ္ဦးရဲမင္းေဇာ္ကလည္း အားေပးကူညီမွုေတြရွိခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားတာေတြ႕ရပါတယ္။

ဒါ့အျပင္NLD ပါတီေအာင္နိုင္ေရးအတြက္ အလွူေငြေတြကို ဦးေက်ာ္လင္းကိုယ္တိုင္နဲ႔ သူ႔ရဲ့ကိုယ္ေရးအရာရွိကတဆင့္ ေဆာက္လုပ္ေရးကုမၸဏီေတြဆီက အလွူေငြက်ပ္ ၃၆၃ သိန္းနဲ႔ ဇူလိုင္လနဲ႔စက္တင္ဘာလမွာ ေဆာက္လုပ္ေရးကုမၸဏီႏွစ္ခုဆီက ေငြက်ပ္သိန္း ၆၀၀ ကိုလက္ခံရယူခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာဆိုပါတယ္။

အလားတူပဲ ပဲခူးတိုင္းအစိုးရအဖြဲ႕က စက္မွု၊လၽွပ္ စစ္ႏွင့္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး(ေဟာင္း) ဦးသန္းဝင္းဟာ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္မွာ ပဲခူးၿမိဳ႕ေရွာင္လမ္းျပဳျပင္ေဆာက္လုပ္ရာမွာ တင္ဒါလက္ခံေရးနဲ႔စီစစ္ေရးေကာ္မတီက ေရြးခ်ယ္ထားတဲ့ အဆိုျပဳေငြက်ပ္ ၁၄၈၁ သန္းေက်ာ္ကို ကုမၸဏီကိုမေရြးခ်ယ္ဘဲ သူနဲ႔ဆက္စပ္မွုရွိတဲ့ကုမၸဏီတစ္ခုကို အဆိုျပဳေငြက်ပ္ ၁၅၁၃ သန္းေက်ာ္နဲ႔ေရြးခ်ယ္ေပးခဲ့တဲ့အတြက္ နိုင္ငံေတာ္အတြက္ ေငြက်ပ္ ၃၂ သန္းပိုမိုကုန္က်ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္လို႔ နစက ကထုတ္ျပန္ခဲ့ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071