ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်၊သစ်ပုတ်ကုန်းကျေးရွာတွင် သြဂုတ် ၁၂ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲခန့်က ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှုအား ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား ၄ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အရိပ်တစ်ခုလူမှုကူညီရေးအသင်းမှ ပုသိမ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်၊