အင်ဒိုနီးရှားစစ်တပ်သည် ရေကြီးရေလျှံကာ မြေပြိုသောကြောင့် လူအေ-သအပျေ-ာက်နှင့် ထိခိုက်ပျ-က်စီးမှုများပြားခဲ့သော ဆူမာတြားကျွန်းရှိ ပြည်နယ်သုံးခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ကာဆောင်ရွက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ်က သဘာဝဘေးအန္တရာယ်ကို တုန့်ပြန်ဆောင်ရွက်ရာတွင် အားနည်းခဲ့ခြင်းအတွက် နိုင်ငံ၏ ဒုတိယသမ္မတကိုယ်တိုင်က တောင်းပန်ထားသည်။
ဝေးလံသီခေါင်၍ အဆက်အသွယ်ပြ-တ်နေသော ဒေသခံများထံ အစားအစာနှင့် ထောက်ပံ့ရေးပစ္စည်းများကို ဖြန့်ဝေရာတွင် အထောက်အကူဖြစ်စေရန် အာချေး၊ မြောက်ဆူမာတြားနှင့် အနောက်ဆူမာတြားပြည်နယ်များတွင် ဘေလီတံတားဟုခေါ်သော ဖြုတ်တပ်ရွှေ့ပြောင်းနိုင်သည့် တံတား ၁၀ စင်းခန့်ကို စစ်တပ်က တည်ဆောက်ပေးခဲ့ကြောင်း ဗိုလ်ချုပ် ဖရက်ဒီ အာဒီယန်ဇာက သောကြောနေ့တွင် ပြောကြားခဲ့သည်။
“ဒီတံတားတွေ တည်ဆောက်လိုက်တာက ထောက်ပံ့ပို့ဆောင်ရေးတွေလုပ်ဖို့ရာ အရေးကြီးပါတယ်။ တချို့လမ်းတွေက ပိတ်ဆို့နေဆဲဖြစ်တာကြောင့် ဘေးဒုက္ခရောက်နေသူတွေဆီ အကူအညီပစ္စည်းတွေ မရောက်ရှိနိုင်သေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
စစ်တပ်သည် ညစ်ညမ်းသောရေများကို သောက်သုံးနိုင်သည်အထိ သန့်စင်ပေးနိုင်သည့်စနစ်များကိုလည်း ဖြန့်ကျက်ချထားပေးနေကြောင်း အာဒီယန်ဇာက ပြောကြားခဲ့ပြီး လမ်းအဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည့် ဒေသခံများထံ လေကြောင်းမှ အစားအစာနှင့် ဆေးဝါးများ ဆက်လက်ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သော သီတင်းပတ်က ဆိုက်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲ ပြင်းထန်သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် သောကြာနေ့မွန်းလွဲပိုင်းအထိ ေ-သဆုံးသူဦးရေသည် ၈၆၇ ဦးအထိ ရှိလာခဲ့ကာ ၅၂၁ ဦး မှာ ပျေ-ာက်ဆုံးလျက်ရှိနေကြောင်း အစိုးရကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ အဆိုပါမုန်တိုင်းစများကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားတို့တွင်လည်း လူ ၂၀၀ ခန့် ေ-သဆုံးခဲ့သည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက် ရန်ပုံငွေပိုမိုရရှိရန် ဒေသကိုအရေးပေါ်အခြေအနေကြေညာပေးရန် ဆူမားတြားရှိ ဒေသဆိုင်ရာအစိုးရအရာရှိများက အစိုးရကို တောင်းဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
