Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeNewsLocal Newsဆူနာမီ ဖြစ်ပေါ်နိုင်သည့် အလားအလာ...

ဆူနာမီ ဖြစ်ပေါ်နိုင်သည့် အလားအလာ နည်းသော် လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ဟု ငလျင်ပညာရှင်ပြော

ဆူနာမီ ဖြစ်ပေါ်နိုင်သည့် အလားအလာ နည်းသော် လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ဟု ငလျင်ပညာရှင်ပြော

ကပ္ပလီပင်လယ်ပြင်အတွင်းရှိ ကျောက်လွှာထုများ လှုပ်ရှား နေမှုကြောင့် ငလျင်ငယ်များ အဆက်မပြတ်လှုပ်ခတ်‌နေသော်လည်း ဆူနာမီဖြစ်ပေါ်လာနိုင်ခြေ နည်းပါးကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ငလျင်ပညာရှင် ဒေါ်လှလှအောင်ကပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ကုန်းတွင်းပိုင်း ဒေ သများနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ငလျင်လှုပ်ခတ်မှုများ အကြိမ်ရေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေသည့်အပေါ် စိုးရိမ် မှုများ မြင့်တက်နေခြင်း ဖြစ်သည်။

” ဆူနာမီမလာနိုင်ပါဘူးလို့ တို့အနေနဲ့ ပြောဖို့က သိပ်မသင့်တော်ဘူး။ ဒီမှာ လှုပ်နေတဲ့ ငလျင်တွေရဲ့ သဘော သဘာဝအရတော့ နည်းတယ်။ ပင်လယ်ရေဆိုတာကလည်း သိတဲ့အတိုင်းပဲ။ လေပြင်းရင်တောင် ကမ်းပေါ်တက်တာ။ ခုအနေအထား အရတော့ ဆူနာမီဖြစ်နိုင်လောက်တဲ့ အနေအထားတော့ မရှိဘူး ။ သို့သော်လည်းပဲ သိပ်ပြင်းလာရင်တော့ ဆူနာမီအနေနဲ့ လာနိုင်စရာတော့ ရှိတယ်ပေါ့” ဟု ဒေါ်လှလှအောင်က ပြောသည်။

ဇူလိုင်လ လဆန်းပိုင်းမှ စတင်ကာ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် ငလျင်များ နေ့စဉ် လှုပ်ခတ်နေပြီး ပြင်းအား ၁.၀ ရစ်(ခ်)တာစကေး မှ ၅.၆ ရစ်(ခ်)တာစကေးအထိ အမြင့်ဆုံး လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လှုပ်ခတ်နေသည့် ငလျင်များသည် ကပ္ပလီပင်လယ်ဗဟိုပြု၍ လှုပ်ခတ်မှု အများဆုံး ဖြစ်နေပြီး ယင်းသို့ ဖြစ်ရခြင်းမှာ ကျောက်လွှာချပ်များ ရွေ့လျားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ငလျင်အမျိုးအစားများ ဖြစ်ကြောင်း သိရသည်။

ပင်လယ်ပြင်အောက် ကျောက်လွှာချပ်များ အင်းအားပြင်းစွာ လှုပ်ခပ်ရွေ့လျားမှုဖြစ်ပေါ်ပါက ဆူနာမီများကို ဖြစ်စေနိုင်သောလည်း လက်ရှိရွေ့လျားနေသည့် အမျိုးအစားအရ ဆူနာမီလာနိုင်ချေ နည်းကြောင်း ငလျင်ပညာရှင် ဒေါ်လှလှအောင်က ပြောသည်။

” ဆူနာမီ ဖြစ်နိုင်တဲ့ သဘောသဘာဝက အပေါ်အောက် တွန်းတင်တဲ့ လှုပ်ရှားမှုမျိုးမှာ ဖြစ်တတ်တာပါ။ တစ်ခုက တွန်းတင်မယ် တစ်ခုက အောက်ကို ဆင်းသွားမယ် ဆိုတဲ့ ပုံစံမျိုးမှာပဲ ဆူနာမီက ဖြစ်တတ်တယ်။အခုဖြစ်နေတာက ဒီလိုမဟုတ်ဘူး။ ကွာ ကွာ ပြီးတော့ သွားတော့သွားတာ။ အဲဒီလို ဟာမျိုးကနေ ဆူနာမီဖြစ်တာ အရင်တုန်းကတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

သို့သော် လက်ရှိ လှုပ်ခတ်နေသည့် ငလျင်များထက် ပြင်းအားများသည့် ငလျင်များ ကပ္ပလီပင်လယ်ပြင် ဗဟိုပြု လှုပ်ခတ်လာမည် ဆိုပါက ဆူနာမီဖြစ်လာနိုင်သည့် အလားအလာရှိသည့်အတွက် မြန်မာ့ကမ်းရိုးတန်း အနီးအနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ၎င်းကပြောသည်။

ထို့ကြောင့် မြန်မာ့ ကမ်းရိုးတန်း ဒေသများဖြစ်သည့် ဧရာ ဝတီတိုင်းအတွင်း ပင်လယ် ကမ်းစပ်ရှိ ဒေသများ၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းရှိ ပင်လယ်နှင့် နီးသည့် ဒေသများတွင် နေထိုင်သူများ အနေဖြင့် ဆူနာမီအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ကြောင်းလည်း ၎င်းကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071