ဆူဒန်ဝန်ကြီးချုပ်အား မူလရာထူးပြန်ပေးရေး သဘောတူညီချက် ယနေ့လက်မှတ်ရေးထိုး
ခါရ်တွမ်၊ နိုဝင်ဘာ ၂၁
ဆူဒန်ဝန်ကြီးချုပ် အဘ္ဘဒူလာဟမ်းဒေါ့ခ်ကို မူလရာထူးတွင် ပြန်လည်ခန့်အပ်ရန်အတွက် နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ကို ဆူဒန်တွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘယ်လ်ဖာတာ အယ်လ်ဘာရန်သည် အာဏာသိမ်းပြီး တစ်လနီးပါးခန့်အကြာတွင် အရပ်သားအုပ်ချုပ်ရေးသို အသွင်ကူးပြောင်းမှုကို ပြန်လည်ရယူရန်အတွက် ဝန်ကြီးချုပ် ဟမ်းဒေါ့ခ်နှင့် ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။
ခါရ်တွမ်မြိုရှိ သမ္မတအိမ်တော်တွင် ယနေ့လက်မှတ်ရေးထိုးလိုက်သော အချက် ၁၄ ချက်ပါ ယင်းသဘောတူညီချက်တွင် ဟမ်းဒေါ့ခ်ကို ဝန်ကြီးချုပ်အဖြစ်ပြန်လည်ခန့်အပ်ရန်နှင့် ဖမ်းဆီးထားသော အရပ်သားခေါင်းဆောင်တိုကိုပြန်လွှတ်ပေးရန်တိုကို ပြဌာန်းထားသည်။
ကိုးကား
Sudan’s Hamdok reinstated as PM after political agreement signed(Aljazeera)
ဓာတ်ပုံ
Mohamed Nureldin Abdallah/Reuters
ဆူဒန္ဝန္ႀကီးခ်ဳပ္အား မူလရာထူးျပန္ေပးေရး သေဘာတူညီခ်က္ ယေန႔လက္မွတ္ေရးထိုး
ခါရ္တြမ္၊ နိုဝင္ဘာ ၂၁
ဆူဒန္ဝန္ႀကီးခ်ဳပ္ အဘၻဒူလာဟမ္းေဒါ့ခ္ကို မူလရာထူးတြင္ ျပန္လည္ခန႔္အပ္ရန္အတြက္ နိုင္ငံေရးသေဘာတူညီခ်က္တစ္ရပ္ကို ဆူဒန္တြင္ လက္မွတ္ေရးထိုးလိုက္ၿပီျဖစ္သည္။
ဆူဒန္အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး အက္ဘယ္လ္ဖာတာ အယ္လ္ဘာရန္သည္ အာဏာသိမ္းၿပီး တစ္လနီးပါးခန႔္အၾကာတြင္ အရပ္သားအုပ္ခ်ဳပ္ေရးသို အသြင္ကူးေျပာင္းမွုကို ျပန္လည္ရယူရန္အတြက္ ဝန္ႀကီးခ်ဳပ္ ဟမ္းေဒါ့ခ္ႏွင့္ ယင္းသေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးလိုက္ျခင္းျဖစ္သည္။
ခါရ္တြမ္ၿမိဳရွိ သမၼတအိမ္ေတာ္တြင္ ယေန႔လက္မွတ္ေရးထိုးလိုက္ေသာ အခ်က္ ၁၄ ခ်က္ပါ ယင္းသေဘာတူညီခ်က္တြင္ ဟမ္းေဒါ့ခ္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ျပန္လည္ခန႔္အပ္ရန္ႏွင့္ ဖမ္းဆီးထားေသာ အရပ္သားေခါင္းေဆာင္တိုကိုျပန္လႊတ္ေပးရန္တိုကို ျပဌာန္းထားသည္။
ကိုးကားSudan’s Hamdok reinstated as PM after political agreement signed(Aljazeera)
ဓာတ္ပုံMohamed Nureldin Abdallah/Reuters