Monday, June 23, 2025

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...

အမှိုက်အမျိုးအစားများ ခွဲခြားပစ်နိုင်ရန် ရန်ကုန်စည်ပင် နိုးဆော်နေ

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနိုးဆော်တို-က်တွန်းနေသည်။ လက်ရှိတွင် Shopping Mall များနှင့် အဆင့်မြင့်အရောင်းဆိုင်ကြီးများတွင် အမှိုက်အမျိုးအစား ၄ မျိုးခွဲခြားစွန့်ပစ်နိုင်ရန်...

အီရန်အရေးလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပ၊ အပ-စ်ရပ်ရန်ရုရှားနှင့် တရုတ်တွန်းအားပေး

အရှေ့အလယ်ပိုင်းတွင် ခြွင်းချက်မရှိ အပ-စ်အခ-တ်ရပ်စဲရေးကို တောင်းဆိုသော ဆုံးဖြတ်ချက်အတွက် ရုရှား၊ တရုတ်နှင့် ပါကစ္စတန်နိုင်ငံများက အဖွဲ့ဝင် ၁၅ နိုင်ငံပါကောင်စီကို အဆိုပြုခဲ့မှုအရ အီရန်နျူကလီးယားနယ်မြေများကို...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ...
HomeMyanmar Theatrical Traditionဆိုင်းပညာရပ် ဆိုင်ရာ အထူး...

ဆိုင်းပညာရပ် ဆိုင်ရာ အထူး အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း အဖြေရလဒ် ထွက်ပေါ်ခဲ့ခြင်း မရှိ

tabin2

ဆိုင်းပညာရပ်ဆိုင်ရာ အထူးအစည်းအဝေးကို ဇူလိုင်လ ၁၁ရက်၊ နေ့လယ်၁နာရီက ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါ တယ်။ အထူးအစည်းအဝေးကို ပြုလုပ်ခဲ့ရခြင်းက သဘင်အစည်း အရုံး(ဗဟို)မှ ဆွေးနွေးပွဲများ ပြုလုပ်ကာ ဆိုင်းပညာရပ်နဲ့ ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းများအပေါ် ကန့်ကွက်မှုများရှိတဲ့ အတွက် အထူးအစည်းအဝေး ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်ခဲ့ပေမယ့်လည်း အဆိုပါနေ့ အစည်းအဝေးပွဲမှာ စည်းမျဉ်း စည်းကမ်းများကို ကန့်ကွက်ခဲ့ကြတဲ့ သဘင်ပညာရှင်တချို့ တက် ရောက်ခဲ့ခြင်း မရှိခဲ့တဲ့အတွက် အစည်းအဝေးအနေနဲ့ အဖြေရလဒ် ထွက်ရှိနိုင်ခဲ့ခြင်းမရှိ ကြောင်းသိရပါတယ်။

“သဘင်အစည်းအရုံး (ဗဟို)ရဲ့ နာယကကြီး နှစ်ဦးလည်းလာ တယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်ဦးဆောင်ပြီးတော့ ဆွေးနွေးပေးပါတယ်။ ဒါပေမဲ့လို့ ဟိုဘက်က ဒီစည်ကမ်းချက်တွေပေါ်မှာ ကန့်ကွက်ထားတဲ့ပညာရှင် တွေကတော့ မတက်ရောက်ကြဘူး။ မတက်ရောက်တဲ့အခါကျတော့ ဆွေးနွေးရ တာသိပ်အဆင်မပြေဘူး။ အဖြေရလဒ်လည်း မထွက်နိုင်ဘူး ပေါ့။ သူတို့ဘက်ကတော့ ဘယ်လိုအကြောင်းပြလဲဆိုတော့ သူတို့ က ‘ဆိုင်းဂီတပညာရှင်များအသင်း’ဆိုပြီးတော့ ဖွဲ့စည်းထားတယ်တဲ့။ ဖွဲ့စည်းထားတော့ ‘ဆိုင်းဂီတပညာရှင်များအသင်း’အနေနဲ့ပဲ ဖိတ် ကြားပေးပါဆိုပြီးတော့ စာပြန်လာတယ်။ ကျွန်မတို့ဘက်ကလည်း အခက်အခဲရှိတာက တရားဝင်အသိအမှတ်ပြုပြီးဖြစ်တဲ့ အသင်းအဖွဲ့အစည်းမျိုးမဟုတ်တဲ့ အခါကျတော့ အဲဒီလို ဖိတ်ကြားလို့မရဘူးပေါ့။ ပုဂ္ဂိုလ်ရေးအနေနဲ့ကတော့ ကျွန်မတို့ဘက်က By Name နဲ့ ဖိတ်ကြားပါတယ်။ ညွှန်ကြားရေးမှူးချုပ်ကတော့ နှစ်ဦးနှစ်ဖက် မျက်နှာ ချင်းဆိုင် ပြန်ပြီးတွေ့ဆုံနိုင်မယ့် အစည်းအဝေးတစ်ခုကို ဝန်ကြီးဌာနကနေ ကူညီ ပြီးတော့ ခေါ်ယူပြုလုပ်ပေးဦးမယ်လို့ ပြောပါတယ်” လို့ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်း အရုံး(ဗဟို)မှ ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်က ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071