၂၀၂၅ ခုနှစ် ၇၁ ကြိမ်မြောက် အောင်ဘာလေထီဆုအတွက် ဆုမဲပေါင်း ၁၇,၀၀၀ ကျော် လာရောက်ထုတ်ယူရန် ကျန်ရှိနေကြောင်း အောင်ဘာလေထီရုံးမှ သိရသည်။
အဆိုပါ ဆုမဲများကို သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။
၇၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲမှ ဆုမဲပေါင်း (၁၇,၃၅၈) ဆုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ လာရောက်ထုတ်ယူခွင့်ပြုထားကြောင်း၊ ထို့ပြင် ဆုမဲများလာရောက်ထုတ်ယူနိုင်ရန်အတွက် ထီပေါက်စဉ်ကိုလည်း ပြန်လည်မျှဝေပေးထားကြောင်း သိရသည်။
ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ်သိန်း ၁၀၊ ၃ သိန်း၊ ၂ သိန်း၊ ၁ သိန်း၊ ၅ သောင်းနှင့် ၁ သောင်းစသည့်ဆုများ အသီးသီးပါရှိကြောင်း သိရသည်။
