ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ အစ္စလာမ်မစ်နိုင်ငံတော်(IS) အဖွဲ့ စခန်းများကို အမေရိကန် တို-က်လေယာဉ်များက ဒုတိယအကြိမ်မြောက် လေကြောင်းတို-က်ခို-က်မှုများ ပြုလုပ်ခဲ့ကြောင်း Al Hadath ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
အမေရိကန်လေတပ်သည် “ဆီးရီးယားမြောက်ပိုင်းဒေသများတွင် တည်ရှိသည့် IS အဖွဲ့၏ ပုန်းအောင်းရာနေရာများနှင့် ကွပ်ကဲမှုဗဟိုဌာနများကို လှိုင်းလုံးအသွင်ဖြင့် အသစ်တဖန် ထပ်မံတို-က်ခို-က်ခဲ့ခြင်းဖြစ်သည်” ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
Deir ez-Zor ပြည်နယ်ရှိ IS စခန်းများသည် အပြင်းထန်ဆုံး တို-က်ခို-က်ခံခဲ့ရကြောင်း ၎င်းရုပ်သံလိုင်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် Al Hadath ရုပ်သံလိုင်း၏ အဆိုအရ အမေရိကန်တို-က်လေယာဉ်များသည် Homs နှင့် Raqqa ကျေးလက်ဒေသများအပြင် ရှေးဟောင်းသမိုင်းဝင်နေရာဖြစ်သည့် ပယ်လ်မိုင်ရာ(Palmyra) တည်ရှိရာ Tadmor မြို့အနီးရှိ အကြမ်းဖက်စခန်းများကိုလည်း တို-က်ခို-က်ခဲ့သေးကြောင်း သိရသည်။ ၎င်း Tadmor မြို့သည် အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးနှင့် စကားပြန်တစ်ဦး ချောင်းမြောင်းတို-က်ခို-က်ခံရပြီး ေ-သဆုံးခဲ့သည့်နေရာလည်း ဖြစ်သည်။
IS အဖွဲ့အပေါ် စစ်ဆင်ရေးမစတင်မီကပင်လျှင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားမြောက်ပိုင်းရှိ ပစ်မှတ်ပေါင်း အနည်းဆုံး ၅၀ ကို သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုတို-က်ခို-က်မှုများသည် ယခင်က သတ်မှတ်ထားသည့် အကြမ်းဖက်စခန်းအားလုံးကို ပစ်မှတ်ထားခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လက်ရှိတွင် ဆီးရီးယားမြောက်ပိုင်း၌ ဗုံးကြဲတို-က်ခို-က်မှုများ ရပ်တန့်သွားပြီဖြစ်သော်လည်း အမေရိကန်တို-က်လေယာဉ်များသည် အဆိုပါနယ်မြေအတွင်း ဆက်လက်ကင်းလှည့်နေဆဲဖြစ်သည်။
