(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထိုက်သင့်သည့် အောင်မြင်မှုများရရှိစေရန်အတွက် နိုင်ငံတော်အကြီးအကဲအနေဖြင့် စခန်းဝင်အားကစားအဖွဲ့များ၏ စခန်းသွင်းစားစရိတ်ကို တစ်ဦးလျှင် တစ်ရက် ငွေကျပ် (၁၂,၀၀၀) နှုန်းထိ တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကပြောသည်။
ယမန်နေ့က ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာ့အားကစားအောင်နိုင်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုးမြှင့်ထောက်ပံ့ပေးခဲ့သည့်အတွက် အားကစားသမားများကို ကယ်လိုရီစံနှုန်းများနှင့် ကိုက်ညီပြီး အာဟာရဖြစ်စေမည့် အစားအသောက်များကို တစ်ရက်လျှင် (၆)ကြိမ်နှုန်းဖြင့် ကျွေးမွေးနိုင်ခဲ့သည့်အပြင် အဘက်ဘက်မှ ပံ့ပိုးကူညီဆော င်ရွက်ပေးလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ ထိုင်းနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အားကစားနည်း (၅၀)ခန့်ပါဝင်မည်ဖြစ်ကာမြန်မာနိုင်ငံက အားကစားနည်း (၂၄) နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားကြောင်း သိရသည်။
