ဂျပန်တွင် ခြေစမ်းပွဲ(၃)ပွဲကစားရာ (၂)ပွဲရှုံး (၁)ပွဲသရေ ရလဒ်ထွက်ပေါ် ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်နေသည့် မြန်မာယူ-၂၃ အသင်းသည် ဂျပန်နိုင်ငံတွင် ခြေစမ်း ပွဲ(၃)ပွဲ ကစားခဲ့ရာ (၂)ပွဲရှုံး (၁)ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့ကြောင်း Asean Football က သတင်းထုတ်ပြန်ထားသည်။ မြန်မာ ယူ-၂၃ အသင်းသည် အီလိုက်တိုရှီမာ အက်ဖ်စီကို (၃)ဂိုး (၁)ဂိုး၊ Ryutsu Keizai University ကို (၂)ဂိုး (၁၅)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ကာရှီးမားအန်တလာ လူငယ်အသင်းကို (၃) ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စု(ဂ) တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
