ဆီးဂိမ်းဝင်ရောင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ဂျပန်နိုင်ငံတွင် (၉)ရက်ကြာ သွား ရောက်လေ့ကျင့်ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် အကြိုပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ အိုဆာကာမြို့ကို အောက်တိုဘာ (၁၈)ရက် မှ(၂၆) ရက်အထိ ပဏာမကစားသမား (၃၀) ဦးနဲ့ အတူ သွားရောက်နေထိုင်လေ့ကျင့်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်း ဖူဆယ်အသင်းတို့မှာ နိုင်ငံတကာခြေစစ်ပွဲစဉ်အပါ ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကိင့်မှုများ စတင်နေပြီဖြစ်သည်။
ယမန်နေ့ကလည်း ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း၏ လေ့ကျင့်မှု အစီအစဉ်များကို ကစားသမား (၂၃)ဦးဖြင့် အောက် တိုဘာ (၁၃) ရက်မှ ဒီဇင်ဘာ (၈ )ရက်အထိ ပြုလုပ်သွားမည် ဖြစ်သည်ဟု အဖွဲ့ချုပ်က အသိပေးထားသည်။
ပုံစာ-ဆီးဂိမ်းဝင် လက်ရွေးစင်အမျိုးသားဖူဆယ်အသင်း လေ့ကျင့်ပြင်ဆင်နေသည့် ပုံရိပ်
