ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်း အနေဖြင့် လေ့ကျင်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ(၉)ရက်မှ (၂၀) ရက်အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့ နှင့် ဆောင်ခလာမြို့တို့၌ ကျင်းပသွားမည်ကာ အားကစားအမျိုးအစားပေါင်း(၅၀) ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲအတွင်း ရေကူး၊ ပြေးခုန်ပ-စ်၊ မြားပ-စ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လှေလှော်(ကနူး/ကယက်၊ ရိုးရာလှေ)၊ စက်ဘီး၊ မြင်းစီး၊ ဓားရေး၊ ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ ကျွမ်းဘား၊ Handball၊ ဟော်ကီ၊ ဂျူဒို၊ ရပ်ဘီ၊ ရွက်လှေ၊ သေနတ်ပ-စ်၊ စားပွဲတင်တင်းနစ်၊ တို-က်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော၊ နပန်း၊ ရေခဲပြင်စကိတ်၊ Modern pentat hlon ၊ အလေးမ၊ ဘေ့စ်ဘော၊ ဘိလိယက်နှင့် စနူကာ၊လက် ဝှေ့၊ Floorball ၊ E-Sports ၊ မွေလက်ဝှေ့ ၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ Squash ၊ ဘိုးလင်း၊ Extreme Sports ၊ ကရာတေး၊ ဂျူဂျစ်ဆု၊ ခရစ်ကတ်၊ ဝူရှူး၊ Kabaddi ၊ Teqball ၊ ကစ်ဘောင်ဆင်၊ Woodball နှင့် စစ်တုရင် အားကစားနည်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲအား အိမ်ရှင်နိုင်ငံအဖြစ် (၇) ကြိမ်မြောက် လက်ခံကျင်းပပြုလုပ်ခြင်းဖြစ်သည်။
