ဆီးဂိမ်းဝင်ပြိုင်မည့် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ထိုင်းနိုင်ငံတွင်အောက်တို ဘာ ၂၄ ရက်မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ သွားရောက်လေ့ကျင့်သွားမည်သည်ဟု အသင်းနှင့် နီးစပ်သူတဦးက ပြောသည်။
ထိုသို့ လေ့ကျင်ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း ထိုင်းအမျိုးသမီး လက်ရွေးစင်အသင်းအပါအဝင် ထိပ်တန်းကလပ်များဖြင့် ခြေစမ်းပွဲ ၄ ပွဲခန့် ကစားရန်စီစဉ်ထားကြောင်း သိရသည်။
မြန်မာအမျိုးသမီးဖူဆယ်အသင်းကို ပဏာမကစားသမား ၂၇ ဦးဖြင့်လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေပြီး နည်းပြချုပ်အဖြစ် ထိုင်းလူမျိုးပီရာဆပ်က တာဝန်ယူကိုင်တွယ်လျက်ရှိကြောင်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို၊ ချောင်ဘူရီမြို၊ ဆောင်ခလာမြို့တို၌ ကျင်းပသွားမည်ကာ၊ အားကစားအမျိုးအစားပေါင်း(၅၀) ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဆီးဂိမ်းပြိုင်ပွဲအတွင်း မြန်မာနိုင်ငံကရေကူး၊ ပြေးခုန်ပ-စ်၊ မြားပ-စ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လှေလှော် (ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာ၊ ရိုးရာလှေ)၊ စက်ဘီး၊ မြင်းစီး၊ ဓားရေး၊ ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ ကျွမ်း ဘား၊ Handball၊ ဟော်ကီ၊ ဂျူဒို၊ ရပ်ဘီ၊ ရွက်လှေ၊ သေနတ်ပ-စ်၊ စားပွဲတင်တင်းနစ်၊ တို-က်ကွမ်ဒို၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ နပန်း၊ ရေခဲပြင်စကိတ်၊ Modern pentathlon၊ အလေးမ၊ ဘေ့စ်ဘော၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ Floorball ၊ E-Sports၊ မွေလက်ဝှေ့၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ Squash၊ ဘိုးလင်း၊Extreme Sports၊ ကရာတေး၊ ဂျူဂျစ်ဆု၊ ခရစ်ကတ်၊ ဝူရှူး၊ Kabaddi၊ Teqball ၊ ကစ်ဘောင်ဆင်၊ Woodball နှင့် စစ်တုရင်အားကစားနည်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲအား အိမ်ရှင်နိုင်ငံအဖြစ် (၇)ကြိမ်မြောက် လက်ခံကျင်းပပြုလုပ်ခြင်းဖြစ်သည်။
