အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နဂါးလှေ ၊ စားပွဲတင်တင်းနစ်၊ မြင်းစီး၊ ေ-သနတ်ပ-စ်စသည့် မြန်မာအားကစားအဖွဲ့များသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ချွန်ဘူရီမြို့များသို့ ရန်ကုန်လေဆိပ်မှ ယမန်နေ့ ဒီဇင်ဘာ (၁၀) ရက်က ထွက်ခွာသွားကြသည်။
နဂါးလှေအားကစားအဖွဲ့မှ ဦးဘုန်းမြင့်တေဇာ (အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား (၃၂) ဦးအဖွဲ့သည် ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့သို့ ထွက်ခွာသွားခြင်းဖြစ်ပြီး စားပွဲတင်တင်းနစ်အားကစားအဖွဲ့မှ ဦးစိုးမင်းအောင် (အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/နည်းပြ၊ အားကစားသမား (၆) ဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင် (Observer) နှင့် အဖွဲ့ဝင်(၂) ဦး၊ မြင်းစီးအားကစားအဖွဲ့မှ ဦးဌေးကျော်နှင့် အဖွဲ့ဝင် (၆) ဦးတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားကြသည်။
ထို့ပြင် ေ-သနတ်ပ-စ်အားကစားအဖွဲ့ မှ ဦးကျော်လွင်ဦး (အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/နည်းပြ၊ အားကစားသမား (၁၆) ဦးတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှအသီးသီးထွက်ခွာသွားကြခြင်း ဖြစ်သည်။
လက်ရှိ၌ ဒီဇင်ဘာ (၁၀) ရက်အထိ ရွှေတံဆိပ်ဆွတ်ခူးရရှိမှု ဇယားတွင် မြန်မာအသင်းက ရွှေ (၂) ခု၊ ငွေ (၃) ခု၊ ကြေး (၁) စုစုပေါင်း (၆) ခု ရရှိထားကာ အဆင့် (၅) နေရာတွင် ရပ်တည်နေသည်။
