ဆီးဂိမ်းဘောလုံးပွဲများကို ပြိုင်ပွဲကျင်းပရေးကော်မတီက ဝင်ကြေးအခမဲ့ ကြည့်ရှုခွင့်သတ်မှတ်ကြောင်းး Asean Football က ယမန်နေ့ နိုဝင်ဘာ (၁)ရက်တွင် ဖော်ပြထားသည်။
ကွင်းဝင်ကြေးအခမဲ့ဖြစ်သော်လည်း ကွင်းအတွင်းလာရောက်ကြည့်ရှုမည့်သူများ အနေဖြင့် အွန်လိုင်းမှ မှတ်ပုံတင်ရ မည်ဟုလည်း ဖော်ပြထားသည်။
ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ (၉)ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချောင်ဘူရီနှင့် ဆောင်ခလာမြို့တို့တွင် အားကစားအမျိုးအစားများအလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
