(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် မြန်မာ နိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့လည်ပိုင်းက ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်အား ရန် ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းအား ကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့်အ တူ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲတင့်၊ ရန် ကုန်တိုင်း လူမှုရေးရာဝန်ကြီးဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေး မှူးချုပ်ဦးမျိုးကျော်သူနှင့် အဖွဲ့ဝင်များလိုက်ပါသွားခဲ့ကြကြောင်း သိရသည်။
