ဆီးဂိမ်းပြိုင်ပွဲအတွက် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းနှင့် လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။
တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် မလေးရှားကလပ် ဆာဘားအက်ဖ်အေ၌ သွားရောက်ကစားနေသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း၏ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး နိုဝင်ဘာ (၂၈)ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ဝင်းသိင်္ဂီထွန်းသည် မလေးရှားလိဂ်တွင် ဂိုးသွင်းအများဆုံးသွင်းယူထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး AFF W omen’s Championship ပြိုင်ပွဲ အများဆုံးဂိုးသွင်းကာ ရွှေဖိနပ်ဆု ရရှိထားသူဖြစ်သည်။
မြန်မာလက်ရွှေးစင်အသင်း၏ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မေထက်လူမှာလည်း မြန်မာလက်ရွေးစင်အသင်းနှင့် လာရောက်ပူးပေါင်းသွားမည်ဖြစ်သည်။
မြန်မာလက်ရွေးစင် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ဆာဘားအသင်းအတွက် (၈)ပွဲကစားထားပြီး (၁၆)ဂိုးအထိ သွင်းယူထားနိုင်ကာ အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးမှာရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်သူ တစ်ဦးလည်းဖြစ်သ ည်။
ဓာတ်ပုံ – Sabah Football Association Women’s Team
