မြန်မာအမျိုးသမီး ခြင်းလုံးအသင်းသည် ယနေ့ ဒီဇင်ဘာ (၉)ရက်တွင် အိမ်ရှင် ထိုင်း၊ လာအို၊ မလေးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းမှာ ရမှတ်ပေါင်း (၄၆ ၁)မှတ်ဖြင့် ဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောဘင်း သိရသည်။
အိမ်ရှင် ထိုင်းအသင်းက (၃၉၄)မှတ် ၊ လာအိုအသင်းက (၃၁၇) မှတ်၊ မလေးရှားအသင်းက(၁၁၇)မှတ်ဖြင့် ရမှတ်ပေါ်မူတည်၍ အသီးသီးရပ်တည်နေကြသည်။
မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်း အသင်းအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်းအမျိုးအစား(၇)မျိုးကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားနည်းများမှာ အမျိုးသား ကွင်းသွင်းခြင်းခတ် (Men Hoop)၊ အမျိုးသမီး ကွင်းသွင်းခြင်းခတ် (Women Hoop)၊ အမျိုးသားသုံးယောက်တွဲ (အသင်းလိုက်) ( Men Team Regu)၊ အမျိုးသမီးသုံးယောက်တွဲ (အသင်းလိုက်) (Women Team Regu)၊ အမျိုးသား/အမျိုးသမီး လေးယောက်တွဲ (Mixed Quadrant)၊ အမျိုးသား လေးယောက်တွဲ(Men Quadrant)၊အမျိုးသမီး လေးယောက်တွဲ (Women Quadrant)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
ဓာတ်ပုံ – Sar Egg
