ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်မည့် မြန်မာ့လက်ရွေးစင် ယူ- ၂၂အသင်းသည် ယနေ့ နိုဝင်ဘာ (၂၅)ရက်၌ လေ့ကျင့်ရေးပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။
မြန်မာ့လက်ရွေးစင် ယူ- ၂၂အသင်းသည် ဆီးဂိမ်းအကြိုပြင်ဆင်သည့်အနေဖြင့် မြန်မာယူ-၂၂ (က)နှင့်(ခ)အသင်းတို့ အကြိုခြေစမ်းကစားပွဲများဖြင့် လေ့ကျင်ပြင်ဆင်ခဲ့သကဲ့သို့ ဘာရိန်းအပါအဝင် အရှေ့အလယ်ပိုင်း အသင်းများနှင့်လည်း ခြေစမ်းပွဲများကစားခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ ယူ-၂၂(က)အသင်းအပြင် ယူ-၂၂(ခ)အသင်းကိုပါ အသစ်ထပ်မံဖွဲ့စည်းခဲ့ပြီး၊ အဆိုပါ အသင်းနှစ်သင်းအနက်မှ ကစားသမားများကို ခြေစမ်းစေကာ ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းအဖြစ် ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းအား ဂျပန်လက်ရွေးစင်ဟောင်း ကူရိုမှ နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ် လေ့ကျင့်ပေးလျက်ရှိသည်။
