ထိုင်းနိုင်ငံတွင် အောက်တိုဘာလအတွင်းက သွားရောက်နေထိုင်လေ့ကျင့်ခဲ့သည့် မြန်မာဖူဆယ်အမျိုးသမီးအသင်း၏ ခြေစမ်းပွဲရလဒ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
မြန်မာဖူဆယ်အမျိုးသမီးအသင်းသည် ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းအပါအဝင် ထိုင်းလိဂ်ကလပ်အသင်း (၄) သင်းဖြင့် ခြေစမ်းပွဲများ ကစားခဲ့ပြီး ခြေစမ်းပွဲငါးပွဲကစားခဲ့ရာမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်မှုများပြုလုပ်နေပြီး ဆီးဂိမ်းပြိုင်ပွဲ၌ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
ထိုင်းနိုင်ငံတွင် ခြေစမ်းပွဲကစားသည့် ပွဲရလဒ်အခြေအနေမှာ Myanmar 3–1 Bangbuathong FC ၊ Myanmar 0–6 Thailand၊ Myanmar 5–5 PORT Imane SWU Samchuk FC ၊ Myanmar 3–2 Kasem Bundit FC တို့ ဖြစ်သည်။
Photo; မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
