(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာကြက်တောင်အသင်းမှ ပြိုင်ပွဲအမျိုးအစား ခုနှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆီးဂိမ်းကြက်တောင်ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာကြက်တောင်အသင်းသည် ကစားသမား ၁၇ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲဝင်မည့် မြန်မာကြက်တောင်အသင်းတွင် နာမည်ကြီးကစားသမားများဖြစ်သည့် သက်ထားသူဇာ၊ ဘုန်းပြည့်နိုင်၊ ဟိန်းထွဋ်တို့ ပါဝင်လာပြီး တစ်ဦးချင်းအမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ နှစ်ယောက်တွဲအမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ အသင်းလိုက် အမျိုးသားပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။
မြန်မာကြက်တောင်အသင်းသည် ၂၀၂၃ ဆီးဂိမ်း ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာကြက်တောင်အမျိုးသားအသင်းတွင် နည်းပြ-ဦးမြတ်မင်းသူ၊ ကစားသမား-ဘုန်းပြည့်နိုင်၊ ဟိန်းထွဋ်၊ ဉာဏ်ရှိန်လင်း၊ ဟိန်းသီဟအောင်၊ ဖြိုးသူရိန်ကျော်၊ နေထွန်းလင်း၊ Lal Zudika ၊ ဘုန်းထက်ဇော်၊ အမျိုးသမီးအသင်းတွင် နည်းပြ-ဒေါ်ဆွေမာဦး၊ ကစားသမား-သက်ထားသူဇာ၊ လင်းလင်းထက်၊ ခိုင်သဉ္ဇာ၊ အိမ့်ချစ်ဖူး၊ ဆုလာဒ်၊ သန်းနွယ်ဆု၊ ငါးမြာ၊ ဆိုင်းဂျာနန်၊ ဆန်းလှိုင်မိန်းတို့ ပါဝင်ကြောင်း သိရသည်။
