ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် လက်ရွေးစင်ဘိလိယက်နှင့် စနူကာကစားသမား အောင်ဖြိုးမှာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။
၎င်းသည် ယနေ့ ဒီဇင်ဘာ (၁၀)ရက် အဖွင့်ပွဲစဥ်အတွင်း ပြိုင်ဘက် လာအိုကစားသမား Suriya Minalavongဆိုသူနှင့် စနူကာ 6 Reds တစ်ဦးချင်း ပြိုင်ပွဲ၌ (၅) ပွဲကစား (၄) ပွဲအနိုင်ယူပြီး နောက်တဆင့်တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာကစားသမား အောင်ဖြိုးအနေဖြင့် မနက်ဖြန် ဒီဇင်ဘာ (၁၁) ရက်နေ့၌ စနူကာ 6 Reds တစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဘိလိယက်နှင့်စနူကာ အားကစားနည်းအတွက် မြန်မာ့လက်ရွေးစင် (၉) ဦးမှ အနောက်တိုင်း ဘိလိယက်၊ စနူကာ 6 Reds၊ စနူကာ 15 Reds ပြိုင်ပွဲများအား တစ်ဦးချင်းအပြင်အဖွဲ့လိုက်ဝင်ရောက်ယှဉ်ပြိုင်နေကြခြင်းလည်းဖြစ်သည်။
