ဆီးဂိမ်းပြိုင်ပွဲကြောင့် ရပ်နားထားရသည့် အမျိုးသမီးလိဂ် ဒုတိယအကျော့ပွဲစဉ်များကို ယခုလ ဒီဇင်ဘာ (၂၆)ရက်၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဟုတ်ပါတယ်။ အမျိုးသမီးလိဂ်ပွဲစဉ်တွေ ပြန်စမှာပါ”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ကလပ်အသင်းအလိုက် ကစားသမားအသစ်များကိုလည်း အားဖြည့်ခေါ်ယူနေသည်ကို တွေ့ရသည်။
ကစားသမားများခေါ်ယူမှုအနေဖြင့် ဧရာဝတီအသင်းက ဖိလစ်ပိုင်ကလပ် Stallion Laguna FC ၌ ကစားနေသည့် ဂျပန်တောင်ပံကစားသမား Kirara Ogawa နှင့် ဖိလစ်ပိုင်တောင်ပံကစားသမား Alyssa Jane တို့ကို ခေါ်ယူထားနိုင်ပြီဖြစ်သည်။
ဓာတ်ပုံ – Ayeyarwaddy Women FC
