ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအနေ ဖြင့် အောက်တိုဘာ (၁၈)ရက်တွင် ဂျပန်နိုင်ငံသို့ ခြေစမ်းပွဲကစားရန် ထွက်ခွာသွားပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အောက်တိုဘာ (၁၉) ရက်မှ (၂၆) ရက်အထိ ဂျပန်နိုင်ငံတွင် လေ့ကျင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ခြေစမ်းပွဲများယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရသည်။
ယခု ခရီးစဉ်တွင် ကစားသမား (၂၆) ဦးပါဝင်မည်ဖြစ်ပြီး မလေးရှားကလပ် ဆာဘားတွင် ကစားနေသည့် ဝင်းသိင်္ဂီထွန်းမှာ ဆီးဂိမ်းစ်ပြိုင်ပွဲမှသာ လာရောက်ပူးပေါင်းနိုင်မည်ဖြစ်သည်။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပွဲစဉ်များကို ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် ဒီဇင်ဘာအစောပို င်း၌ ကျင်းပသွားမည်ဖြစ်သည်ဟု အဖွဲ့ချုပ်၏အသိပေးချက်အရ သိရသည်။
