ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းသည် ယနေ့ ဒီဇင်ဘာ (၂၂)ရက်နေ့၌ လေ့ကျင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အသင်းအနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ (၂၅)ရက်၌ စတင်၍ ဆက်တိုက် လေ့ကျင့်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ- ၂၂အသင်းသည် ဆီးဂိမ်းအကြိုပြင်ဆင်သည့်အနေဖြင့် မြန်မာယူ-၂၂ (က)နှင့်(ခ)အသင်းတို့ အကြိုခြေစမ်းကစားပွဲများဖြင့် လေ့ကျင်ပြင်ဆင်ခဲ့သလို ဘာရိန်းအပါအဝင် အရှေ့အလယ်ပိုင်းအသင်းများနှင့်လည်း ခြေစမ်းပွဲများကစားခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ ယူ-၂၂(က)အသင်းအပြင် ယူ-၂၂ (ခ)အသင်းကိုပါ အသစ်ထပ်မံဖွဲ့စည်းခဲ့ပြီးနောက် အဆိုပါ အသင်းနှစ်သင်းအနက်မှ ကစားသမားများကိုခြေစမ်းစေကာ ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းအဖြစ် ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
