ဆီးဂိမ်းစ်ပြိုင်ပွဲဝင် ယူ-၂၃ အသင်းအတွက် အင်္ဂလန်နိုင်ငံ လက်စတာမြို့ အကယ်ဒမီထွက် ပေါ်တူဂီနိုင်ငံ လာဂို့စ်ကလပ်တွင် ကစားခဲ့သည့် မန္တလေးဇာတိ တိုက်စစ်ကစားသမား သူရိန်ထွန်းကို အားဖြည့်ခေါ်ယူခဲ့ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။
ထို့ပြင် ဆီးဂိမ်းစ်(က) အသင်းတွင် ကာလရှည်ဒ-ဏ်ရာက အနားယူခဲ့သည့် ဥက္ကာနိုင်ကိုလည်း ပြန်လည်ခေါ်ယူထားပြီဖြစ်သည်။
နည်းပြချုပ် ကူရိုဆာကီ တာဝန်ယူကိုင်တွယ်နေသည့် ယူ-၂၃ (က) အသင်းသည် နိုဝင်ဘာ (၁၁) ရက်က ဦးမျိုးမင်းထွန်း ကိုင်တွယ်နေသည့် ဆီးဂိမ်းစ်(ခ)အသင်းဖြင့် ကစားရာ၌ (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ၊ ယနေ့ ညနေ (၃)နာရီတွင် သန်လျင်သီဟဒီပကွင်းတွင် ဆီးဂိမ်းစ်(က)နှင့်(ခ) အသင်းတို့၏ ဒုတိယအကျော့ခြေစမ်းပွဲ ထပ်မံ ကစားကြမည်ဖြစ်သည်။
ဆီးဂိမ်းစ်အသင်းအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် နိုဝင်ဘာ (၁၈)တွင် ခြေစမ်းပွဲကစားရန် စီစဉ်ခဲ့သော်လည်း အသင်း၏ ခရီးစဉ်ကြောင့် ပွဲပျက်သွားပြီဖြစ်သည်ဟု အဖွဲ့ချုပ်က အသိပေးထားသည်။
