Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeNewsFootballဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့်...

ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီး ယူ-၁၉ အသင်း

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ဇူလိုင် ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘမ်းမြို့တွင် ဗီယက်နမ် အမျိုးသမီး ယူ-၁၉ အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး (၂-၁) ဂိုးရလဒ်ဖြင့် အရေးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဗေ၊ နောက်တန်း- မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ယုယုနိုင်၊ ကြယ်စင်၊ အလယ်တန်း- ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြပြီး လူစားဝင် ကစားသမားများအဖြစ် ဖြူဖွေး၊ သဲအိမွန်သောင်း၊ ဝေဟင်ဖြိုး၊ ဟေမာန်စိုး၊ ဒီဇင်ဘာနှင်းတို့ ဝင်ရောက်ကစားခဲ့ကြသည်။

မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့သည် ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရေးအတွက် ကြိုးစားကစားခဲ့ကြပြီး အခွင့်အရေးများလည်း အပြန်အလှန်ရရှိခဲ့ကြကာ မြန်မာအသင်း အနေဖြင့် ဂိုးသွင်းခွင့်များ ပိုမိုရရှိခဲ့သော်လည်း ဂိုးကံခေခဲ့သဖြင့် အခွင့်အရေးကောင်းများ ဆုံးရှုံးခဲ့ရသည်။

မြန်မာအသင်း တိုက်စစ်မှ အခွင့်အရေးများ ရရှိခဲ့သကဲ့သို့ ဗီယက်နမ် အသင်း၏ ဂိုးကန်သွင်းချက်များကိုလည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့ကြသည်။

မြန်မာအသင်းသည် ပွဲကစားချိန် ၈ မိနစ်တွင် တိုက်စစ်မှူး ယဉ်လွန်းအိမ်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန် ၄၃ မိနစ်တွင် ဗီယက်နမ်ဘက်မှ ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။

ဒုတိယပိုင်း ပွဲချိန်များတွင် နှစ်သင်းစလုံး လူအပြောင်းအလဲပြုလုပ်ပြီး ကစားခဲ့ကြသော်လည်း ဂိုးထပ်မရသဖြင့် အချိန်ပို ဆက်ကစားခဲ့ကြရာ ပွဲချိန် ၁၀၃ မိနစ်တွင် ဗီယက်နမ်တို့ ဂိုးရရှိသွားပြီး ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

“ကျွန်‌တော်တို့ ဒီပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ဗီယက်နမ်က တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာပါ။ တတိယလုပွဲမှာ ဆုတံဆိပ်ရယူနိုင်ဖို့အတွက် ဘယ်ပြိုင်ဘက်နဲ့တွေ့တွေ့ အကောင်းဆုံးပြင်ဆင်ကြိုးစားသွားမှာပါ” ဟု ပွဲအပြီးတွင် မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းကပြောသည်။

တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီနှင့် ည ၇ နာရီတွင် ကစားကြရမည်ဖြစ်သည်။

မြန်မာအသင်းသည် ထိုင်းနှင့် အင်ဒိုနီးရှားတို့ပွဲစဉ်မှ ရှုံးနိမ့်သည့် အသင်းနှင့် တတိယလုပွဲ ကစားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး မြန်မာပါဝင်တက်ရောက်

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းသံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေးကို ကင်ဘာရာမြို့ရှိ ထိုင်းသံရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာ ကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်ကပြန်လည်လွှဲပြောင်းပေး

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊ ဂါနာနိုင်ငံသား(၄)ဦး၊ ကာဂျစ္စတန်နိုင်ငံသား(၁)ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖလူး-လေးကေ့ကော်-မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့မောင်းနှင်လာသော (၁၀)ဘီးကား(၄)စီးပေါ်တွင် တရုတ်နိုင်ငံသား အမျိုး သား(၂၁၇)ဦး၊ အမျိုးသမီး(၁၅)ဦး(စုစုပေါင်း ၂၃၂ ဦး) တို့ကိုဖမ်းဆီးရမိခဲ့ကြောင်း...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန် ဖြန့်ဖြူးပေးနေ

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ စားသုံးမှုနဲ့တွက်လို့ရှိရင် အများကြီးလိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို အာရုံစိုက်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071