Monday, January 20, 2025

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...
HomeNewsFootballဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့်...

ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီး ယူ-၁၉ အသင်း

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းသည် ၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ဇူလိုင် ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘမ်းမြို့တွင် ဗီယက်နမ် အမျိုးသမီး ယူ-၁၉ အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး (၂-၁) ဂိုးရလဒ်ဖြင့် အရေးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-ဖီးဗေ၊ နောက်တန်း- မေသက်မွန်မြင့်၊ ခင်ဌေးကြိုင်၊ ယုယုနိုင်၊ ကြယ်စင်၊ အလယ်တန်း- ဖြူဖြူဝင်း၊ ဝေဖူးအိမ်၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြပြီး လူစားဝင် ကစားသမားများအဖြစ် ဖြူဖွေး၊ သဲအိမွန်သောင်း၊ ဝေဟင်ဖြိုး၊ ဟေမာန်စိုး၊ ဒီဇင်ဘာနှင်းတို့ ဝင်ရောက်ကစားခဲ့ကြသည်။

မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့သည် ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရေးအတွက် ကြိုးစားကစားခဲ့ကြပြီး အခွင့်အရေးများလည်း အပြန်အလှန်ရရှိခဲ့ကြကာ မြန်မာအသင်း အနေဖြင့် ဂိုးသွင်းခွင့်များ ပိုမိုရရှိခဲ့သော်လည်း ဂိုးကံခေခဲ့သဖြင့် အခွင့်အရေးကောင်းများ ဆုံးရှုံးခဲ့ရသည်။

မြန်မာအသင်း တိုက်စစ်မှ အခွင့်အရေးများ ရရှိခဲ့သကဲ့သို့ ဗီယက်နမ် အသင်း၏ ဂိုးကန်သွင်းချက်များကိုလည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့ကြသည်။

မြန်မာအသင်းသည် ပွဲကစားချိန် ၈ မိနစ်တွင် တိုက်စစ်မှူး ယဉ်လွန်းအိမ်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန် ၄၃ မိနစ်တွင် ဗီယက်နမ်ဘက်မှ ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။

ဒုတိယပိုင်း ပွဲချိန်များတွင် နှစ်သင်းစလုံး လူအပြောင်းအလဲပြုလုပ်ပြီး ကစားခဲ့ကြသော်လည်း ဂိုးထပ်မရသဖြင့် အချိန်ပို ဆက်ကစားခဲ့ကြရာ ပွဲချိန် ၁၀၃ မိနစ်တွင် ဗီယက်နမ်တို့ ဂိုးရရှိသွားပြီး ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

“ကျွန်‌တော်တို့ ဒီပွဲမှာ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ဗီယက်နမ်က တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာပါ။ တတိယလုပွဲမှာ ဆုတံဆိပ်ရယူနိုင်ဖို့အတွက် ဘယ်ပြိုင်ဘက်နဲ့တွေ့တွေ့ အကောင်းဆုံးပြင်ဆင်ကြိုးစားသွားမှာပါ” ဟု ပွဲအပြီးတွင် မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းကပြောသည်။

တတိယလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီနှင့် ည ၇ နာရီတွင် ကစားကြရမည်ဖြစ်သည်။

မြန်မာအသင်းသည် ထိုင်းနှင့် အင်ဒိုနီးရှားတို့ပွဲစဉ်မှ ရှုံးနိမ့်သည့် အသင်းနှင့် တတိယလုပွဲ ကစားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် သာမာန်လူများမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လော-င်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများသည် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်သကဲ့သို့ မြန်မာနိုင်ငံသားများကလည်း တရုတ်နိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားပြီး...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071