ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ဆိုလာမီးပလပ်ခုံအပူလွန်ကဲရာမှ နေအိမ်မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီအေသင်းများထံမှ သိရသည်။
မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်၊ နယ်မြေ(၁)၊ ဒေသန္တရလမ်းရှိ နေအိမ်တစ်လုံးတွင် ဆိုလာမီးပလပ်ခုံအပူလွန်ကဲပြီး အနီးရှိအထပ်သားနံရံကိုမီးကူးစက်ရာမှ နေအိမ်မီးလေ-ာင်မှုဖြစ်ပွား၍ ကချင်ပြည်နယ်မီးသ-တ်ဦးစီးမှူးရုံး၊ မြစ်ကြီးနားမြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ ကျွန်းပင်သာရပ်ကွက်အရန်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသ-တ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နံနက် ၁၀ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
