မြန်မာ-ဆိုမာလီယာ သံတမန်ဆက်ဆံရေး ထူထောင်မှုကိစ္စရပ်များဆွေးနွေး
အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်မင်းဦးသည် ဒီဇင်ဘာ ၃၀ ရက်နေ့က အီသီယိုပီးယားနိုင်ငံရှိ ဆိုမာလီယာသံအမတ်ကြီး H.E Mr. Abdullahi Mohamed Warfa အား အဒစ်အဘာဘာမြို့၊ ဆိုမာလီယာသံရုံး၌ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ-ဆိုမာလီယာ သံတမန်ဆက်ဆံရေး ထူထောင်မှုကိစ္စရပ်များ၊ ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ်ရင်းနှီးစွာဆွေးနွေးခဲ့ကြောင်း သိရသည်။
