Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးမစီးရ ဒေသန္တရအမိန့်...

ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးမစီးရ ဒေသန္တရအမိန့် မန္တလေးတိုင်းတွင်ပါ ထုတ်ပြန်

(Unicode)

ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးမစီးရ ဒေသန္တရအမိန့် မန္တလေးတိုင်းတွင်ပါ ထုတ်ပြန်

ဆိုင်ကယ်စီးနင်းခြင်းနှင့် ပတ်သတ်ပြီး လိုက်နာရမည့် ဒေသန္တရအမိန့် တစ်ရပ်ကို တိုင်းအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့များ၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအားလုံးက ထုတ်ဆင့်ကြဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကစာထုတ်အသိပေးထားသည်ဟု နစကသတင်းပြန်ကြားရေးအဖွဲ့က အတည်ပြုပြောဆိုသည်။

မြို့နယ်အချို့တွင် ထုတ်ပြန်လိုက်သည့် ဒေသန္တရအမိန့်တွင် ဆိုင်ကယ်တစ်စီးတွင် အမျိုးသားနှစ်ဦးမစီးရ၊ အမျိုးသမီးတစ်ဦးနောက်တွင် အမျိုးသားတစ်ဦး လိုက်ပါစီးနင်းခြင်းမပြုရ ၊ အမျိုးသားတစ်ဦးနောက်တွင် အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းနိုင်သည် ဟု ဖော်ပြထားသည်။

ဆိုင်ကယ်စီးနင်းခြင်းနှင့် ပတ်သတ်ပြီး ကန့်သတ်လိုက်ခြင်းက မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်၌ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန်ထမ်းဆောင် နေသူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် အပြစ်မဲ့ပြည်သူများ၏ နေအိမ်များသို လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်း စသည့် လုပ်ရပ်များ ပြုလုပ်ကျူးလွန်လျက်ရှိရာတွင် အဆိုပါပြစ်မှုများအား ကျူးလွန်ဆောင်ရွက်ရာ၌ အများအားဖြင့် မော်တော်ဆိုင်ကယ်အား အမျိုးသား နှစ်ဦးစီးနင်းအသုံးပြု၍ တစ်ဦးမှ ဆိုင်ကယ်မောင်းနှင်ပေးခြင်း၊ ပြစ်မှုကျူးလွန်ချိန်တွင် တစ်နေရာ၌ အသင့်စောင့်ဆိုင်းပေးခြင်း၊ ကျန်တစ်ဦးမှ အကြမ်းဖက်လုပ်ရပ်(လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ခြင်း)တိုကို ဆောင်ရွက်ခဲ့ကြကြောင်း စိစစ်တွေ့ရှိရ၍ အမျိုးသားနှစ်ဦးဆိုင်ကယ်မစီးရန် တားမြစ်ပိတ်ပင်ခြင်းဖြစ်သည်ဟု အမိန့်စာတွင်ဖော်ပြထားသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားရန်လည်း တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ညွှန်ကြားထားသည်ကို တွေ့ရှိရသည်။

မန္တလေးမြို့ခံအချို့က ရပ်ကွက်အတွင်း၊လမ်းအတွင်းလိုက်လံ ကြော်ငြာနေခြင်းများရှိနေသည်ဟု ပြောသည်။

“မန္တလေးက ဆိုင်ကယ်ကို အဓိကထားစီးတာပေါ့။ဒီလိုအမိန့်ထုတ်တာက ဆိုင်ကယ်ကယ်ရီတွေအတွက်တော့ ထိခိုက်မှုရှိမယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

(Zawgyi)

ဆိုင္ကယ္တစ္စီးတြင္ အမ်ိဳးသားႏွစ္ဦးမစီးရ ေဒသႏၲရအမိန႔္ မႏၲေလးတိုင္းတြင္ပါ ထုတ္ျပန္

ဆိုင္ကယ္စီးနင္းျခင္းႏွင့္ ပတ္သတ္ၿပီး လိုက္နာရမည့္ ေဒသႏၲရအမိန႔္ တစ္ရပ္ကို တိုင္းအတြင္းရွိ ခ႐ိုင္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားအားလုံးက ထုတ္ဆင့္ၾကဖို႔ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ကစာထုတ္အသိေပးထားသည္ဟု နစကသတင္းျပန္ၾကားေရးအဖြဲက အတည္ျပဳေျပာဆိုသည္။

ၿမိဳ႕နယ္အခ်ိဳ႕တြင္ ထုတ္ျပန္လိုက္သည့္ ေဒသႏၲရအမိန႔္တြင္ ဆိုင္ကယ္တစ္စီးတြင္ အမ်ိဳးသားႏွစ္ဦးမစီးရ၊ အမ်ိဳးသမီးတစ္ဦးေနာက္တြင္ အမ်ိဳးသားတစ္ဦး လိုက္ပါစီးနင္းျခင္းမျပဳရ ၊ အမ်ိဳးသားတစ္ဦးေနာက္တြင္ အမ်ိဳးသမီးတစ္ဦး လိုက္ပါစီးနင္းႏိုင္သည္၊ အမ်ိဳးသမီးႏွစ္ဦး စီးနင္းႏိုင္သည္ ဟု ေဖာ္ျပထားသည္။

ဆိုင္ကယ္စီးနင္းျခင္းႏွင့္ ပတ္သတ္ၿပီး ကန႔္သတ္လိုက္ျခင္းက မႏၲေလးတိုင္းေဒသႀကီးအတြင္း လက္ရွိအခ်ိန္၌ အျပစ္မဲ့ျပည္သူမ်ား၊ ႏိုင္ငံဝန္ထမ္းမ်ားႏွင့္ ရပ္ကြက္/ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးတာဝန္ထမ္းေဆာင္ ေနသူမ်ားအား လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သတ္ျဖတ္ျခင္း၊ အေျခခံပညာေက်ာင္းမ်ား၊ ဌာနဆိုင္ရာ အေဆာက္အဦမ်ားႏွင့္ အျပစ္မဲ့ျပည္သူမ်ား၏ ေနအိမ္မ်ားသို လက္လုပ္မိုင္းမ်ားျဖင့္ ပစ္ေပါက္ျခင္း စသည့္ လုပ္ရပ္မ်ား ျပဳလုပ္က်ဴးလြန္လ်က္ရွိရာတြင္ အဆိုပါျပစ္မႈမ်ားအား က်ဴးလြန္ေဆာင္႐ြက္ရာ၌ အမ်ားအားျဖင့္ ေမာ္ေတာ္ဆိုင္ကယ္အား အမ်ိဳးသား ႏွစ္ဦးစီးနင္းအသုံးျပဳ၍ တစ္ဦးမွ ဆိုင္ကယ္ေမာင္းႏွင္ေပးျခင္း၊ ျပစ္မႈက်ဴးလြန္ခ်ိန္တြင္ တစ္ေနရာ၌ အသင့္ေစာင့္ဆိုင္းေပးျခင္း၊ က်န္တစ္ဦးမွ အၾကမ္းဖက္လုပ္ရပ္(လက္နက္ငယ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ျခင္း လက္လုပ္မိုင္းမ်ားျဖင့္ ပစ္ေပါက္ျခင္း)တိုကို ေဆာင္႐ြက္ခဲ့ၾကေၾကာင္း စိစစ္ေတြ႕ရွိရ၍ အမ်ိဳးသားႏွစ္ဦးဆိုင္ကယ္မစီးရန္ တားျမစ္ပိတ္ပင္ျခင္းျဖစ္သည္ဟု အမိန႔္စာတြင္ေဖာ္ျပထားသည္။

လိုက္နာေဆာင္႐ြက္ျခင္းမရွိေၾကာင္း စစ္ေဆးေတြ႕ရွိရပါက တည္ဆဲဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားရန္လည္း တိုင္းအစိုးရအဖြဲ႕ လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္မင္းက ၫႊန္ၾကားထားသည္ကို ေတြ႕ရွိရသည္။

မႏၲေလးၿမိဳ႕ခံအခ်ိဳ႕က ရပ္ကြက္အတြင္း၊လမ္းအတြင္းလိုက္လံ ေၾကာ္ျငာေနျခင္းမ်ားရွိေနသည္ဟု ေျပာသည္။

“မႏၲေလးက ဆိုင္ကယ္ကို အဓိကထားစီးတာေပါ့။ဒီလိုအမိန႔္ထုတ္တာက ဆိုင္ကယ္ကယ္ရီေတြအတြက္ေတာ့ ထိခိုက္မႈရွိမယ္”ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071